NEWS

ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ

CoverLogo
299 Views
 
ထိုင်း-မြန်မာ နယ်စပ် ကနေ နယ်စပ်ဖြတ်ကျော် လာတဲ့ မြန်မာအလုပ်သမား ၄၀ ခန့် ကို အောက်တိုဘာ ၁၅ ရက် ဒီနေ့မနက် ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
တာ့ခ်ခရိုင်၊ ဖိုးဖမြို့နယ်အတွင်း ဝါလေကျေးရွာအနီး မောင်းနှင်လာတဲ့ ပစ်ကပ်ကားကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာမှ အထောက်ထား မရှိတဲ့ မြန်မာအလုပ်သမား ၂၃ဦးနဲ့ ပွဲစား (၃) ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ဟာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကရင်ပြည်နယ်၊ မြဝတီမှ သောင်ရင်းမြစ်ကို ဖြတ်ကူး ပြီး ဝင်ရောက်လာတယ်လို့ သိရပါတယ်။
 
ထပ်မံပြီး မနက်ပိုင်းမှာဘဲ ရနောင်းခရိုင် ကရဘူရီမြို့ ကျောပေါရော် ကျေးရွာအနီး မှာ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား ၁၄ ဦး ကို နယ်မြေခံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
၎င်းတို့ဟာလည်း ကော့သောင်းကတစ်ဆင့် ရနောင်း သို့ နယ်စပ်ဖြတ်ကျော်လာကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ဖို့ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေ ကို ပို့ဆောင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ပြီးပါက နေရပ်ကို ပြန်ပို့မယ်လို့ သိရပါတယ်။
 
လက်ရှိ ကာလ တွင် ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ခေတ်မှီနည်းပညာတွေနဲ့စောင့်ကြည့် ဖမ်းဆီးနေသလို နယ်စပ်မြို့တွေမှာလဲ စစ်ဆေးမှုတွေ ပိုမိုတင်းကြပ်တာကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေ နေ့စဉ် နီးပါး အဖမ်းခံနေရကြောင်း သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026