ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းအနီး ပင်လယ်ပြင်တွင် မြန်မာနိုင်ငံသားများအပါအဝင် စီးနင်းလိုက်ပါလာတဲ့ ကုန်တင်သင်္ဘော ၃ထပ်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"မြန်မာရောထိုင်းရောနိုင်ငံခြားသားရော တစ်ရာကျော်လောက်ပါတယ်ကြားတယ်။ လူတွေဘာမှမဖြစ်သွားဘူး။ ရေထဲခုန်ချတာတွေအသက်လုပြေးရတာဆိုတော့ ဖုန်းနဲ့အထောက်အထားတွေအကုန်ဆုံးရှုံးကုန်တယ်တော့ကြားတယ်"လို့ ထိုင်းရောက်မြန်မာတစ်ဦးကဆိုပါတယ်။
အဆိုပါသင်္ဘောဟာ ဧပြီ ၃ ရက်နေ့ ညနေပိုင်းမှာ စူရတ်ဌာနီမြို့ကနေ စထွက်ခွာလာခဲ့တာဖြစ်ပြီး၊ ကော့ဖငန်းမြို့နယ် လိပ်ကျွန်းကို ဧပြီ၄ရက်နေ့ နေ့လည် ၁ နာရီအချိန် ကမ်းဆိုက်ဖို့ထွက်ခွာလာရာ ကော့ဖငန်းမြို့နယ်လိပ်ကျွန်းကို မရောက်ခင်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုဖြစ်ပွားတဲ့သင်္ဘောပေါ်မှာတော့ မြန်မာနိုင်ငံသားများအပါအဝင် ထိုင်းနဲ့နိုင်ငံခြားသားများအပါ
ခရီးသွား ၉၇ ဦး၊ လှေဝန်ထမ်း ၁၁ ဦးလိုက်ပါခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့က အားလုံးကို ထိခိုက်မှုမရှိ ကယ်ထုတ်နိုင်ခဲ့ပေမဲ့ သင်္ဘောပေါ်တင်ဆောင်လာတဲ့ကား၊ ဆိုင်ကယ်နှင့်သင်္ဘောထဲ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
NEWS
ထိုင်း ကော့တောင် ကျွန်းအနီး မြန်မာများပါဝင်တဲ့ကုန်တင်သင်္ဘောမီးလောင်

508 Views
Related posts

မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026

ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026

ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026

ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026

မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026

အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026

Plan B လမ်းကြောင်းဖြင့် ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026

အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
