NEWS

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကို စစ်ကောင်စီထံ လစဉ်ပြန်ပို့နေ

CoverLogo
314 Views
 
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီးတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေကပြန်ပို့ရာမှာ စစ်ကောင်စီ က ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနေပါတယ်။
 
ဒီ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက စစ်ကောင်စီလက်ထဲပြန်မပို့ဖို့ တောင်းဆိုမှုတွေရှိပေမယ့် ထိုင်းအာဏာပိုင်တွေဘက်က လစဉ် ပြန်ပို့လျက်ရှိနေတာကို တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်ကတင် ရနောင်းအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ထွက်လာရတဲ့ မြန်မာလုပ်သား ၉၉ဦး ကို ထိုင်းအာဏာပိုင်တွေက ရနောင်းဘက်ကနေ ကော့သောင်းမြို့ဘက်သို့ လှေဖြင့် ပို့ဆောင်ခဲ့တယ်လို့ ရနောင်း‌လဝကရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ယခုပို့ဆောင်လိုက်တဲ့ မြန်မာလုပ်သား ၉၉ဦးထဲ မှ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ခေါ်ဆောင်သွားတယ်လို့ ပြည်တွင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
"ကျွန်တော့် သူငယ်ချင်းလဲ ပါသွားတယ် ထိုင်းမှာ အထောက်အထားမရှိလို့ အဖမ်းခံရတာကနေ ပြစ်ဒဏ် ရက်စေ့ လို့ လွတ်တဲ့ ဩဂုတ် ၁၅ရက်က အသုတ်မှာ ပါသွားတာ အခု စစ်မှုထမ်းဖို့ခေါ်တဲ့ အထဲပါသွားတယ်လို့ ကြားတယ် မိသားစုနဲ့ အဆက်သွယ်မရသေးဘူး မိသားစု ဘက်ကလည်း လိုက်တော့ လိုက်နေတယ် တချို့ပိုက်ဆံပေးထုတ်လို့ရတယ်လည်း ကြားတော့ အဆက်သွယ်ရဖို့ လုပ်နေကြတယ်""လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
အခုလို ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေ ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်တာတွေရှိတဲ့ အတွက် ပြည်တွင်းပြည်ပ လုပ်သားအရေးကူညီသူတွေ လူ့မှုအဖွဲ့အစည်းတွေ နဲ့ မြန်မာပြည်သူတွေ က လွတ်ရက်စေ့ မြန်မာလုပ်သားတွေကို စစ်ကောင်စီ ထံ ပြန်မပို့ဘဲ အခြားနည်းဖြင့် ဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုတာတွေရှိပါတယ်။
 
""သူ့နိုင်ငံထဲ တရားမဝင်နေထိုင်တာတွေဥပဒေမဲ့ လုပ်ရပ်လုပ်လို့ အပြစ်ပေးတာကို တော့ လက်ခံပါတယ် ဒါပေမယ့်အခုလို စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်နေတဲ့ သတင်းတွေ ကိုယ်တိုင်စစ်မှုထမ်းဖို့ ခေါ်ခံရလို့ ထွက်ပြေးလာရတဲ့ အလုပ်သမားတွေရဲ့ ပြောကြားချက်တွေသူတို့ ကြားသိနေရတာ ကို စစ်ကောင်စီ ထံ မဖြစ်မနေ ပြန်ထည့်မှ ဖြစ်မယ်ဆိုတာမျိုးတော့ နားလည်ပေးလို့မရဘူး ဒီကိစ္စဟာ စိတ်တိုစေတာထက် နာကျည်းမုန်းတီးမှုဖြစ်စေတယ်လို့""လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
ထိုင်းအာဏာပိုင်တွေ ဘက်က ပြစ်ဒဏ်စေ့ မြန်မာလုပ်သားတွေ ကို ပြန်ပို့တာမှ ယခုနှစ် အတွင်း ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး နဲ့ဩဂုတ်လ ၁၅ရက်က ၉၉ဦး စုစုပေါင်း ၁၃၇၈ ဦး အထိ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026