NEWS

ထိုင်းအမျိုးသမီး အုပ်စုဖွဲထိုးကြိတ်၍ မြန်မာအမျိုးသမီးမှ အမှုဖွင့် တိုင်ကြား

CoverLogo
421 Views
 
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ကထုဘန်က အိမ်အလုပ်ရုံမှာ အတူတူ လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီး နဲ့ ထိုင်းအမျိုးသမီးတို့ လုပ်ငန်းခွင်းအတွင်း စကားများခဲ့ကြရာကနေ ထိုင်းအမျိုးသမီးက ထိုင်းအမျိုးသမားတွေကို ခေါ်ယူပြီး အနိုင်ကျင့် ထိုးကြိတ်ခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲဆီက သိရပါတယ်။
 
မေလ ၁၀ ရက် မနက်ပိုင်းပိုင်းမှာ စကားများခဲ့ကြတာဖြစ်ပြီး ထမင်းစားနားချိန်မှာ ထိုင်းအမျိုးသမီးက ထိုင်းအမျိုးသားလေးဦးကို သွားခေါ်ပြီး အုပ်စုဖွဲ့ ထိုးကြိတ်ခဲ့တာလို့ သိရပါတယ်။
 
ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသား လေးဦး ထဲက တစ်ဦးက မြန်မာအမျိုးသမီးကို မေးမြန်းပြောဆိုမှု မရှိဘဲ မျက်နှာလည်ပင်းတွေကို ထိုးကြိတ်ခဲ့လို့ သိရပါတယ်။ ထိုးကြိတ်နေစဉ် အလုပ်ရုံ ဂိတ်စောင့် တာဝန်ကျသူက မြင်တွေ့ပေမယ့် ဝင်ရောက် ဖြန်ဖြေပေးတာမျိုး မရှိဘူးလို့ ထိုးကြိတ်ခံရတဲ့ မြန်မာအမျိုးသမီးက ပြောပါတယ်။
 
မြန်မာ အမျိုးသမီးလုပ်သားက နစ်နာမှုအတွက် တရားဥပဒေအတိုင်း ကူညီပေးပါဖို MHAC မဟာမိတ်အဖွဲဆီ အကူအညီ တောင်းခံခဲ့တာကြောင့် ကထုဘန်နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး အခင်းဖြစ်ရာ နေရာက CCTV မှတ်တမ်းတွေကို ကြည့်ရှု စစ်ဆေးကာ တရားဥပဒေ နဲ့ အညီ ဆောင်ရွက်ပေးမယ်လို တာဝန်ရှိရဲအရာရှိတွေက ပြောကြားထားလို့ သိရပါတယ်။
 
ထိုးကြိတ်ခံရလို့ ထိခိုက်ဒဏ်ရာရသူ မြန်မာအမျိုးသမီးကို စာမွတ်ဆာခွန် ဆေးရုံမှာ စစ်ဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ MHAC က ထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ လုပ်ငန်းခွင်နဲ့ အိမ်ရှင် ထိုင်းလူမျိုး တချို့ရဲ့ လူမျိုးရေး ခွဲခြားအနိုင်ကျင့်ခံရတာတွေ ရှိနေတယ်လို့လည်း MHAC အဖွဲ့က ပြောဆိုထားပါတယ်။
 
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း နဲ့ ဒေသတွင်း သတင်းတွေကို

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026