NEWS

ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ

CoverLogo
337 Views

ထိုင်းအစိုးရ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE)ကနေ သူတို့ရဲ့နိုင်ငံတွင်းမှာအလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းနိုင်ငံခြားအလုပ်သမားတွေကို အထူးကွင်းဆင်းစစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေရာ အလုပ်လုပ်ခွင့်အထောက်အထားWork permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အရေးယူခံရသူတွေလည်းပါရှိနေကာအခက်ခဲဖြစ်‌ နေရကြောင်းသိရပါတယ်။


မြန်မာအပါအဝင် ရွှေ့ပြောင်းနိုင်ငံခြားအလုပ်သမားတွေကို ထိုင်းအစိုးရ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE)ကနေစစ်ဆေးမှုတွေအရ ဥပဒေနဲ့မညီညွတ်ဘဲ လုပ်ကိုင်နေသူ ၃,၀၀၀ ကျော်ကိုတွေ့ရှိရကာ မေလအတွင်းဖမ်းစီး အရေးယူနိုင်ကြောင်းဖော်ပြထားပါတယ်။ 


အဖမ်းခံရတဲ့ အလုပ်သမား၃,၀၀၀ ကျော် မှာ ၁၀၀၀ ကျော်ကထိုင်းနိုင်ငံသားတွေပဲ လုပ်ပိုင်ခွင့်ရှိတဲ့ တားမြစ်အလုပ်တွေထဲဝင်ရောက်လုပ်ကိုင်နေတာ‌ေကြာင့် လို့သိရပြီး ကျန်တာက Work permit အလုပ်လုပ်ခွင့်အထောက်အထားမရှိတာ၊ အလုပ်လုပ်ခွင့်ရတဲ့လုပ်ငန်းအမျိုးအစားကိုပြောင်းလဲလုပ်ကိုင်နေတာတွေ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖမ်းစီးရတာလို့ ထိုင်းအစိုးရ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE)ကထုတ်ဖော်ပြောထားပါတယ်။ 


Work permit အလုပ်လုပ်ခွင့်အထောက်အထားကိုအလုပ်သမား‌​တွေ ဘက်က စည်းကမ်းလိုက်နာကာပြုလုပ်ကြရာမှာလည်း ထိုင်းဘက်က လုပ်ငန်းစဉ် ကြန့်ကြာမှုတွေကြောင့် အထောက်အထားရှိပြီးသား အလုပ်သမား တချို့ပါ အထောက်အထားမဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့လည်း ထိုင်းရောက် အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ 


"အခုက တရားမဝင်အလုပ်သမားတွေကိုဖမ်းနေတယ်လို့ပြောပေမယ့် ၊ ထိုင်းဘက်က Work Permit ထုတ်ပေးတဲ့လုပ်ငန်းစဉ်နဲ့ ဘတ်ရိုက်တာတွေက အချိန်အရမ်းကြာတယ်၊ ပါမစ်သက်တမ်းကိုသူတို့ဘက်က၁နှစ်ပေးတယ်လို့သတ်မှတ်ထားရင် အဲ့ဒီ့ကတ်ရဖို့စလျှောက်တာကနေ လက်ထဲအရောက်ကို ၈လ၊ ၉လ လောက်ကြာနေတော့ ပါမစ်သက်တမ်းကုန်ခါနီး၃လလောက်ပဲ အလုပ်သမားတွေ လက်ထဲ အထောက်အထားအပြည့်အစုံနဲ့ရတယ်။၃လ‌ပြည့်ပြီးတာနဲ့ပြန်လျှောက်ဆိုတော့ ပိုက်ဆံလည်းထပ်ကာထပ်ကာ ကုန်ရတယ်၊ စည်းကမ်းအတိုင်းဖြစ်ဖို့ကိုလည်း မနည်းလိုက်လုပ်နေရတယ်အလုပ်သမားတွေဘက်က"လို့ အလုပ်သမားအရေး ကူညီပေးနေသူ တယောက်ကပြောပါတယ်။


လက်ရှိမှာ Work Permit ကတ်ထုတ်ပေးတာ၊ Non-LA ဗီဇာ ထည့်သွင်းပေးတာနဲ့ သက်တမ်းတိုး လုပ်ငန်းစဉ်တွေမှာ ကြန့်ကြာတာတွေ ရှိတာကြောင့် အထောက်အထား အပြည့်အစုံ မရ‌သေးတဲ့ အလုပ်သမားတွေဟာ စိုးရိမ်နေကြရပါတယ်။ 


နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ်​တွေထဲမှာ စျေးလှည့်လည်ရောင်းချခြင်း၊​ ဆံပင်ညှပ်ခြင်း၊ အလှပြင်ခြင်း၊ ယာဉ်မောင်းနှင်ခြင်း (ကား၊ အငှားယာဉ် စသည့်လုပ်ငန်း)၊​ထိုင်းရိုးရာအနှိပ်လုပ်ငန်း တွေဖြစ်ရာ ယင်းအလုပ်အကိုင်တွေ မိမိတို့နိုင်ငံသားတွေမလုပ်ကြဖို့နဲ့ လုပ်ကိုင်မိနေပါကလည်း သတိထားကြဖို့ ထိုင်းရောက် မြန်မာလုပ်သားအသိုင်းအဝိုင်းက အ ချင်းချင်းကျယ်ကျယ်ပြန့်ပြန့်အသိပေးနေကြပါတယ်။ 


ထိုင်းအစိုးရ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE)အနေနဲ့ ဘန်ကောက်မြို့တွင်း လူစည်ကားရာနေရာတွေဖြစ်တဲ့ လတ်ကရဘန်း၊ ဒင်ဒန်း၊ ဟွေခွမ် အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ငန်းခွင်တွေကို ကွင်းဆင်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026