NEWS

ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ

CoverLogo
334 Views
 
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာလို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ဒီဇင်ဘာ ၁၆ ရက် တစ်ရက် ထဲ မှာ တင် အယောက် ၇၀ကျော် ရှိကြောင်း ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ကန်ချနဘူရီမြို့ အမှတ် ၃၂၃ အဝေးပြေးလမ်းမကြီးပေါ် မှာ မြန်မာရွှေ့ပြောင်း လုပ်သား ၁၉ဦး ကို တင်ဆောင် လာတဲ့ ပစ်ကပ်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့် ခိုင်းရာ ကားမောင်းသူက စစ်ဆေးမခံဘဲ ကားကို လမ်းကြောင်းပြောင်း၍ မောင်းပြေးစဉ် ကန်ချနဘူရီမြို့ဝမ်ယန်ဒေသရှိ ကြံခင်းထဲအရောက် လမ်းဘေးမြောင်းဘောင်နှင့် တိုက်မိပြီး ရပ်တန့်သွားကာ ယာဉ်မောင်း ဖြစ်သူထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖေါ် ပြထားပါတယ်။
 
၎င်းယာဉ်ပေါ်မှ မြန်မာ လုပ်သား အချို့လည်း ထွက်ပြေးခဲ့တဲ့ အတွက် ထိုင်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ အမျိုးသား ၈ဦး အမျိုးသမီး ၂ဦးနဲ့အသက်၁၈နှစ်အောက် ကလေးကိုးဦးတို့ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူကတော့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
 
ထပ်မံ ပြီး ဒီဇင်ဘာလ ၁၆ ရက် ည မှာလည်း စူဖန်ဘူရီခရိုင် တွင် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင် လာတဲ့ မြန်မာနိုင်ငံသား ၅၂ ဦး ဖမ်းဆီးခံရကြောင်း သိရပါတယ်။
 
၎င်းခရိုင် အတွင်း တောတွင်းတနေရာမှာ မုန့်ထုတ်အခွံတွေ နဲ့ စွန့်ပစ်အမှိုက် တွေကို တွေ့ရတဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့က မင်္သာကာ တာကြောင့် စောင့်ကြည့် ဖမ်းဆီးရာ ပစ်ကပ်ကားသုံးစီးနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၂ ဦး၊ ကလေး ၃ ဦး စုစုပေါင်း ၅၂ ဦးတွေ့ရပြီး ကားသမားသုံးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရသူတွေ ထဲ မှာ အချို့ဟာ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ရန်ရည်ရွယ်ပြီး ဝင်ရောက် ကျတာဖြစ်သလို အချို့ကလည်း မလေးရှားအထိ သွားရန် ရည်ရွယ်ထားကြပြီး ခရီးစရိတ် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ကုန်ကျတယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရ တဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ကားသမား တွေကို သက်ဆိုင်ရာ ရဲစခန်းများသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမယ် လို့ သတင်း မှာ ဖော်ပြထားပါတယ်။
 
ထိုင်းနိုင်ငံအတွင်း က အထောက်ထားမရှိတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ် လျှောက်ထား ခွင့်ကို ယခု ဒီဇင်ဘာ ၁၂ ရက်မှဒီဇင်ဘာ၂၆ရက်အထိ ထိုင်းအစိုးရမှ လျှောက်ထား ခွင့်ပေးထားရာ ၎င်းကာလ အတွင်း မြန်မာရွှေ့ပြောင်း လုပ်သားတွေ ထိုင်းနိုင်ငံ အတွင်းသို့ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်လာသလို ထိုင်းအာဏာပိုင်တွေဘက်က လည်း နယ်စပ် ဂိတ်တွေမှာ ယခင်ထက် စစ်ဆေးရေးတင်းကြပ်စွာ ဖမ်းဆီးမှု တွေ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
HTH
Ref-CH7News,CIB

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026