NEWS

ထိုင်းလဝက တံဆိပ်ခေါင်းအတုများ ပြုလုပ်ရောင်းချနေသောမြန်မာပွဲစားတစ်ဦးအဖမ်းခံရ

CoverLogo
413 Views
 
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင်နေထိုင်ကာ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဆိုင်ရာတံဆိပ်ခေါင်းအတုများပြုလုပ်ရောင်းချနေသော အသက်၄၂နှစ်အရွယ် မြန်မာပွဲစားတစ်ဦးကိုအောက်တိုဘာ၂၀ရက်တွင်ဖမ်းဆီရမိခဲ့ကြောင်း ထိုင်းသတင်းများ၏ဖော်ပြချက်အရသိရပါတယ်။
 
ဖမ်းဆီးခံရသော အသက်၄၂နှစ်အရွယ် ကိုမြင့်(အမည်လွှဲ)သည်ကွန်ပျူတာပရိုဂရမ်များကိုအသုံးပြုကာ မြန်မာနိုင်ငံသားပတ်စ်ပို့များအတွက်လည်း တစ်အုပ်လျှင်ဘတ်ငွေ ၁၂၀၀၀နှုန်းဖြင့်စာအုပ်ပေါင်းတစ်ရာကျော်ပြုလုပ်ပေးခဲ့ကြောင်းကိုလည်း အယုဒ္ဓယလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံးမှသိရပါတယ်။
 
အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ် ၊ဘန်ဆင်ထီဝါရပ်ကွက်တွင်ရှိသော အဆိုပါပွဲစား၏ကိုယ်ပိုင်ရုံးခန်းကို အယုဒ္ဓယလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေရာ အလုပ်သမားများ ခရီးသွားလာရေးနှင့် အလုပ်လျှောက်ထားရာတွင်လိုအပ်သော စာရွက်စာတမ်းအတု၂၆စုံကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရပါတယ်။
 
မြန်မာပွဲ ကိုမြင့်(အမည်လွှဲ)ကို ထိုင်းအစိုးရစာရွက်စာတမ်းများအတုပြုလုပ်မှု၊လူဝင်မှုကြီးကြပ်ရေး တံဆိပ်တုံးအတု ပြုလုပ် အသုံးပြုခြင်းတို့အတွက် ဥပဒေအရတရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026