NEWS

ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် CI စင်တာ ၄ ခု ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးမည်

CoverLogo
557 Views
 
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ထုတ်ပေးရေး (Certificate of Identity) စင်တာ ၄ ခု ဖွင့်လှစ် ဆောင်ရွက်ပေးမယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
 
ဝန်ဆောင်မှု ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ရက်မှ နိုဝင်ဘာလ ၅ရက် အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် ဘတ် ၂၆၇၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
 
CI စင်တာ (၁) ကို စမွတ်စခွန်ခရိုင် (Samut Sakhon) - လိပ်စာ: ထိုင်းလေးဈေး၊ အမှတ် ၁/၂၊ ရာမ ၂ လမ်း၊ ရွာအမှတ် ၁၊ သချွင်းခရိုင်၊ မောင်း မှာလည်းကောင်း စင်တာ( ၂)ကို ဆမွတ်ပရာကန် (Samut Prakan) - လိပ်စာ: တော်ဝင်ကော်ပိုရေးရှင်းကုမ္ပဏီ၊ အမှတ် ၃၃၉/၃၁၊ ရွာအမှတ်မှာလည်းကောင်း၊စင်တာ( ၃) ကို ဆူရတ်သာနီ (Surat Thani) - လိပ်စာ: Tapi တက္ကသိုလ်၊ အမှတ် ၄၅/၄၅၊ ရွာအမှတ် ၇၊ Maluan၊ Phunphin မှာလည်းကောင်း စင်တာ(၄)ကို ချင်းမိုင် (Chiang Mai) လိပ်စာ: Dynasty Land၊ အမှတ် ၃၄ - ၃၄/၁၊ ရွာအမှတ် ၆၊ မယ်စ၊ မယ်ရင် မှာလည်းကောင်း ပြုလုပ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ မိမိအဆင်ပြေရာ CI စင်တာ ကိုရွေးချယ်ပြီး ရက်ချိန်းယူကာ ငွေပေးချေမှု ကို 7-Eleven စတိုးဆိုင်တွေမှာ ပေးသွင်းနိုင်တယ်လို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026