NEWS

ထိုင်းရှိ ဖော့ဖျာပြုလုပ်သည့်စက်ရုံမှ မြန်မာလုပ်သား ၇၀ကျော် အလုပ်မှ အထုတ်ခံရ

CoverLogo
291 Views
 
ထိုင်းနိုင်ငံ ၊လယောင်မြို့နယ်၊နိခွန်းဖတ်ထနာတွင်ရှိသော ခြေသုတ်၊ဖော့ဖျာထုတ်လုပ်သည့်စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၇၇ဦး ကို ရှယ်ယာရှင်သူဌေးမှ အလုပ်ကနေ မောင်းထုတ်ခံရမှု ဖြစ်ပေါ်ခဲ့တယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
မြန်မာအလုပ်သမား အမျိုးသား ၇၇ဦးဟာ ၄င်း အလုပ်ရုံ မှာ အလုပ်လုပ်ကိုင်နေတာ ၃လမှ ၁နှစ်ကျော် သက်တမ်းအထိရှိကျပြီးပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ရက်မှာရှယ်ယာရှင်သူဌေးမှ လာရောက်ကြည့်ရှုပြီး မြန်မာအလုပ်သမားတို့ကိုအလုပ်မှ‌မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ စားဝတ်နေရေးအခက်ခဲ ဖြစ်သလို အလုပ်သစ်ရှာဖွေ ဖို့အတွက်ပါ ခက်ခဲနေတာကြောင့်WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့အကူညီတောင်းခံမှုအရ WAGအလုပ်သမားမဟာမိတ်အဖွဲ့ ဟာ ဖေဖေါ်ဝါရီ ၂၀ရက် မှာ အလုပ်သမားတွေနဲ့အလုပ်ရှင်သူဌေးတို့ကို နယ်မြေခံ စဝပ်ဒီကန်ရုံးသို့သွားရောက်တိုင်ပင် ညှိနှိုင်းခဲ့ရာ အလုပ်ရှင်မှအလုပ်သမားတို့ကို အလုပ်ပြန်ခေါ်မယ်လို့ သဘောတူ ညှိနှိုင်းမှုရခဲ့တယ်လို့ WAGအဖွဲ့ထံမှ သိရပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်အတွက် စဝပ်ဒီကန်မှချမှတ်ထားသောစည်းကမ်းချက်များကို ပြန်လည်လုပ်ဆောင်ပေးမယ်လို့ အလုပ်ရှင်ဘက် က တာဝန်ရှိလူကြီးများရှေ့မှာ ကတိပြုခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း က အလုပ်ရှင်အချို့ဟာ ရွှေ့ပြောင်း မြန်မာ လုပ်သားတွေ ကို အလုပ်ဝင်ပြီ လအနည်းငယ်အတွင်းမှာဘဲ အလုပ်ဖြုတ်တာတွေ မကြာခဏ လုပ်ဆောင်နေပေမယ့် အလုပ်သမားတွေဟာမြန်မာအလုပ်သမားသံရုံးထက် ထိုင်းရှိ မြန်မာအလုပ်သမားအဖွဲ့စည်းတွေကတစ်ဆင့် သက်ဆိုင်ရာကို တိုင်ကြားပြီးမိမိတို့ရဲ့ နစ်နာမှု အတွက် ညှိနှိုင်းတောင်းဆိုနေကျရတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026