ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပြင်ဘက် ဆမတ်ဆာခွန်းမြို့ရှိ ခုံးကျော်တံတားတစ်ခုဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကရိန်းတစ်ခုပြိုကျခဲ့သဖြင့် သေဆုံးသူ အလုပ်သမား ၁၀ ဦးအထိ ရှိလာတယ်လို့ သတင်းရရှိပါတယ်။
'" မြန်မာတွေပါတယ်။ ညနေကတော့ သေဆုံး၆ဦးလို့ကြားတာ။ ခုည ၁၀ ဦးအထိ လို့ကြားတယ်။ အတိ အကျ တော့အတည်မပြုနိုင်သေးဘူး။အန္တရာယ်များတာတွေ မြန်မာလုပ်သားတွေ ဝင်လုပ်ကြတာပေါ့လေ။ ၀မ်းနည်းရပါတယ်" လို့ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။
အဆိုပါကရိန်းပြိုကျမှုဟာ နိုဝင်ဘာ ၂၉ ရက်နံနက်အစောပိုင်းက ဘန်ကောက်မြို့တော်အနောက်ဘက် ဆမတ်ဆာခွန်မြို့ရှိ ခုံးကျော်တံတားတစ်ခု ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဥ်အတွင်းမှာပင် မြန်မာအလုပ်သမား ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီးဒဏ်ရာရသူများ က စိုးရိမ်ရတဲ့အခြေအနေတွင်ရှိနေခဲ့လို့ ညနေဘက်မှာ သေဆုံးသူ ၆ ဦးအထိရှ်ိကာ ညအထိ ၁၀ ဦးရှိလာတယ်လို့ အလုပ်သမားများပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း ဘန်ကောက်မြို့တော်အရှေ့ဘက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယခုကဲ့သို့ အလားတူ ကရိန်းပြိုကျမှုကြောင့် အလုပ်သမားခုနစ်ဦး သေဆုံးခဲ့ပါတယ်။