NEWS

ထိုင်းရှိအပူပေးစက်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄ ဦးလစာ နှင့် ကျန့်ခေါက်ခများပြန်လည်ရရှိ

CoverLogo
308 Views
 
ထိုင်းနိုင်ငံ လယောင်ခရိုင် ဘန်းခိုက်မြို့တွင်ရှိသော(အပူပေးစက်ထုတ်လုပ်သည့်စက်ရုံ)တွင် အလုပ်လုပ်နေသော (MOU/PJ)ကိုင်ဆောင်ထား​ေသာမြန်မာအလုပ်သမားကျား၊ မ(၁၄)ဦးတို့၏လုပ်ခလစာနှင့် ကျန့်ခေါက်ခများပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း (WAG)အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အဆိုပါအလုပ်သမား ၁၄ ဦးသည် မတ်လ၂၇ရက်တွင် ကြားစပ်ကုမ္ပဏီနှင့် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး စက်တင်ဘာ၁၅ရက်နေ့တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံခဲ့ရခြင်းအတွက် ကြားစပ်ကုမ္ပဏီကိုအကူအညီတောင်းခံသော်လည်းတာဝန်ယူမရှိသောကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ စက်တင်ဘာ ၃၀ တွင် အလုပ်သမားများ၏ ရသင့်ရထိုက်သော နစ်နာကြေးနှင့် ထိတ်လန့်ကြေးရရှိရန်တွက်မြို့နယ်ဆဝါဒိကန်ရုံးတွင် သွားရောက်ကူညီတိုင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"အောက်တိုဘာ၂၀မှာလုပ်လစာပြန်လည်ရရှိသွားပြီ။ကျန့်ခေါက်ကြေးလည်းပြန်လည်ရရှိသွားပါပြီ။အလုပ်သမားတွေကတစ်ယောက်နဲ့တစ်ယောက်ငွေပမာဏ မတူတော့ဘယ်လောက်လဲမသိတော့မမေးဖြစ်လိုက်ဘူး။အကုန်လုံးတော့လစာနဲ့ ကျန့်ခေါက်ကြေးပြန်ရသွားပါပြီ"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
 
အလုပ်သမားများအနေဖြင့်လုပ်ခလစာနှင့် ကျန့်ခေါက်ကြေးများပြန်လည်ရရှိသော်လည်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ဖြုတ်ခဲ့ခြင်းအတွက် နစ်နာကြေးနှင့်ထိတ်လန့်ကြေးများရရှိရန်ကူညီဆောင်ရွက်လျက်ရှိကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026