NEWS

ထိုင်းရှိလမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၈ ဦးအဖမ်းခံရ

CoverLogo
439 Views
ထိုင်းနိုင်ငံ ပတ်ချဘူရီပြည်နယ် သာယန်းမြို့ ဖက်ကာဆမ်လမ်းမရှိ လမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ထိုင်းအုပ်ချုပ်ရေးအဖွဲ့နှင့်ရဲတပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမရှိသောမြန်မာနိုင်ငံသားအလုပ်သမား ၈ ဦးအဖမ်းခံခဲ့ရကြောင်း သာယန်းမြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
 
ပတ်ချဘူရီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ထရိုင်ဖော့ပ် ဝေါင်ထရိုင်ရတ်၏ လမ်းညွှန်မှုအရ နိုဝင်ဘာလ၁၁ရက်တွင် သာယန်ခရိုင်မှူး မစ္စတာ ဂွန်ရတ် ဖက်ဆန်သည် ယာဉ်ကြောထိန်းချုပ်ရေးဌာနခွဲမှူး၊ သာယန်ခရိုင် ကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှု (ISOC)၊ နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့ ၁၄၄၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဗျူရို၊ ခရီးသွားရဲတပ်ဖွဲ့၏ ၃ ဌာနခွဲ၊ ဖက်ချာဘူရီပြည်နယ် အလုပ်အကိုင်ရုံးနှင့် သာယန်ရဲစခန်းတို့မှပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဖက်ကာဆမ်လမ်းရှိ လမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ဝင်ရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး အထောက်အထားမဲ့မြန်မာလုပ်သား၈ဦးကိုဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။
 
အဆိုပါအဖမ်းဆီးခံရသောမြန်မာနိုင်ငံသား၈ဦးတွင် အလုပ်သမား၂ဦးသည်အလုပ်လုပ်ခွင့်လိုင်စင်မရှိသူများဖြစ်ကြပြီး ကျန်အလုပ်သမား၆ဦးသည် အလုပ်လုပ်ခွင့်လိုင်စင် ရော နိုင်ငံကူးလက်မှတ်ရောမရှိကြသူများဖြစ်ကြောင်းသိရပါတယ်။
 
အဖမ်းအဆီးခံရသောအထောက်အထားမဲ့မြန်မာနိုင်ငံသားအလုပ်သမား၈ဦးအား တရားဥပဒေအရ အရေးယူနိုင်ရန်သာယန်းရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026