NEWS

ထိုင်းရှိရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ

CoverLogo
395 Views
 
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ စီလချာမြို့တွင်ရှိသော(ရေပူရေအေးခွက်စက်ရုံ)တွင်အလုပ်လုပ်နေသော မြန်မာ (MOU/CIဘတ်သစ်)ကိုင်ဆောင်ထားသောအလုပ်သမားကျား(၈၃)ဦးမ(၆၇)ဦးစုစုပေါင်း(၁၅၀)ဦးတို့သည်စက်တင်ဘာလနှင့်အောက်တိုဘာလ လစာမရရှိဘဲအလုပ်ထုတ်ခံခဲ့ရသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံသို့အကူအညီတောင်းခံလာကြောင်းသိရပါတယ်။
 
အဆိုပါအလုပ်သမား၁၅၀ဦး၏စက်တင်ဘာလ လစာနှင့်အောက်တိုဘာလ လစာများမထုတ်ပေးသဖြင့် အလုပ်သမားများမှတောင်းရာ အောက်တိုဘာ ၁၀ ရက်နေ့တွင်ပေးမည်ဟုစက်ရုံမှရက်ချိန်းခဲ့သော်လည်းမပေးခဲ့သည့်အတွက် အောက်တိုဘာ၁၅ရက်မှစကာ အလုပ်မဆင်းဘဲနေခဲ့ရာ အောက်တိုဘာ၁၆ရက်တွင် စက်ရုံသူဌေးမှအလုပ်ဖြုတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
 
"အခုကအလုပ်သမားတွေရဲ့အချက်အလက်တွေယူနေပါတယ်။သူတို့ကမြန်မာပွဲစားတွေနဲ့ဝင်ထားတော့အမှုဖွင့်ဖို့ပွဲစားတွေရဲ့အချက်အလက်စုနေတုန်းပါ။လူဦးရေ၁၀၀ကျော်ပွဲစား၁၀၀ ကျော်ဖြစ်နေ ပွဲစားတွေက စမတ်ကြေးတွေကျန့်ခေါက်ခတွေယူပြီး ငါးသန်းတွေမှာ သွားထိုးထားတာတွေဖြစ်နေတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
အဆိုပါအလုပ်သမား ၁၅၀ ဦးသည် ထိုစက်ရုံမှာအလုပ်လုပ်နေသည်မှာ သုံးလမှခြောက်လအထိရှိကြပြီဖြစ်ပြီး ချွန်ပူလီဘောဝင်းတွင်ရှိသော ဘတ်ငါးသန်းပွဲစားကို စမတ်ကြေးဘတ်၈၀၀၀နှင့် ကျန့်ခေါက်ခ ဘတ် ၄၅၀၀ပေးကာ စက်ရုံသို့အလုပ်ဝင်ထားခဲ့ကြခြင်းဖြစ်ပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026