NEWS

ထိုင်းရဲမှအသွင်ယူကာဆံပင်ညှပ်ခံပြီးနောက် မြန်မာအလုပ်သမားကိုဖမ်းဆီး

CoverLogo
471 Views

ထိုင်းနိုင်ငံရှိဆူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှရဲအရာရှိသည် ဖောက်သည်တစ်ဦးအဖြစ်အသွင်းယူကာဆံပင်ညှပ်ခံပြီးနောက် လုပ်ပိုင်ခွင့်မရှိသောအလုပ်ကိုနိုင်ငံခြားသားတစ်ဦးအနေဖြင့်လုပ်ကိုင်သည့်အတွက်ဟုဆိုကာ မြန်မာနိုင်ငံသားဆံပင်ညှပ်ဆရာကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ 


ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ်၊ ကော့စမွီခရိုင်၊ ဘိုဖွတ်မြို့နယ်၊ ကျေးရွာ ၅ ရှိ မစ္စတာ ဆံသဆိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ဆံသဆရာအဖြစ် လုပ်ကိုင်နေကြောင်း ဆူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေး အရာရှိများထံသတင်းပေးပို့လာတဲ့ အတွက်အဆိုပါကဲ့သို့ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ 


ဆံပင်ညှပ်ဆရာအဖြစ်လုပ်ကိုင်နေသော ​မြန်မာနိုင်ငံသားကို ------- အသက်၂၁နှစ် ​ကိုဆံပင်ညှပ်ဆရာအဖြစ်တွေ့ရှိပြီးနောက် ရဲအရာရှိမှ အသွင်ယူကာသူ၏ဆံပင်ကိုညှပ်ခိုင်းခဲ့ခြင်းဖြစ်ပြီး ညှပ်နေစဥ်အတွင်း ရဲအရာရှိအဖြစ်ဖွင့်ဟခဲ့ခြင်းဖြစ်ပြီး ဆံပင်ညှပ်ခြင်းပြီးဆုံးမှသာကို------- ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ 


ဆူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ လမ်းညွှန်မှုအောက်တွင် ဆူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေး ဒုတိယရဲမှူးကြီး ဝါသနာဖမ် ကွန်ဂျစ်တီချူတီပွန်၊ ဆူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေး ဒုတိယရဲမှူးကြီး ပါဆာသွန် စိန့်ယင်ဒီ နှင့် ဆူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေး ဒုတိယရဲမှူးကြီး အာရွန် မူဆီကင်တို့ ဦးဆောင်သော အဖွဲ့သည် ခရီးသွားရဲတပ်ဖွဲ့ ၅၊ ဌာနခွဲ ၂၊ ခရီးသွားရဲတပ်ဖွဲ့ ၃ မှ အရာရှိများနှင့်အတူကို---- အားလုပ်ပိုင်ခွင့်မရှိသောအလုပ်ကိုနိုင်ငံခြားသားတစ်ဦးအနေဖြင့်လုပ်ကိုင်သည့်အတွက် ဥပဒေအရအရေးယူရန်ရဲစခန်းသို့ပို့ဆောင်ထားပြီး ဆိုင်ပိုင်ရှင်ဖြစ်သူထိုင်းနိုင်ငံသားကိုလည်းအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ 


ထိုင်းနိုင်ငံ အတွင်း  နိုင်ငံခြားသား လုပ်သားတွေကို လုပ်ခွင့်မပြုထားတဲ့ လုပ်ငန်းတွေ မှာ  နိုင်ငံခြားသားတွေ လုပ်ကိုင်မှုရှိ မရှိ ကို တနိုင်ငံလုံးအတိုင်းအတာနဲ့  စစ်ဆေးသွားမယ်လို့ အလုပ်အကိုင်ရှာဖွေရေးဌာန (DOE) ကအသိပေးထားပါတယ်။ 


ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို  လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင်(၂၇) မျိုးကတော့ 


၁။ သစ်သားပန်းပုလုပ်ငန်း
၂။ ယာဉ်မောင်းလုပ်ငန်း
၃။ လေလံတင်အရောင်းအဝယ်လုပ်ငန်း
၄။ ကျောက်မျက်ရတနာလုပ်ငန်း
၅။ ဆံပင်ညှပ် အလှပြင်လုပ်ငန်း
၆။ ယက်ကန်းလုပ်ငန်း
၇။ ဖျာယက်ခြင်းလုပ်ငန်း
၈။ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း
၉။ ပန်းယွန်းလုပ်ငန်း
၁၀။ ထိုင်းတူရိယာလုပ်ငန်း
၁၁။ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း
၁၂။ ရွှေထည် ငွေထည်လုပ်ငန်း
၁၃။ ကြေးထည်လုပ်ငန်း
၁၄။ ထိုင်းရိုးရာအရုပ်ပြုလုပ်ခြင်းလုပ်ငန်း
၁၅။ သပိတ်လုပ်ငန်း
၁၆။ ချည်ယက်လုပ်ငန်း
၁၇။ ဗုဒ္ဓရုပ်ပွားတော်ထုဆစ်ခြင်းလုပ်ငန်း
၁၈။ စက္ကူနှင့်ပိတ်ဖြင့် ပြုလုပ်သောထီးလုပ်ငန်း
၁၉။ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း
၂၀။ ထိုင်းရိုးရာအနှိပ်လုပ်ငန်း
၂၁။ ဆေးလိပ်လိပ်ခြင်းလုပ်ငန်း
၂၂။ ဧည့်လမ်းညွှန်လုပ်ငန်း
၂၃။ ဈေး/ လှည့်လည်ရောင်းခြင်းလုပ်ငန်း
၂၄။ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း
၂၅။ ပိုးချည်လုပ်ငန်း
၂၆။ အတွင်းရေမှူးလုပ်ငန်း
၂၇။ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်း တို့ဖြစ်ပါတယ်။ 
ref.MGR 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026