NEWS

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ၏ကလေး ၈ သောင်းခန့် ကလေးလုပ်သား ဖြစ်လာနိုင်ဟု MWG ထုတ်ပြန်

CoverLogo
220 Views
 
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သားတွေ ရဲ့ ကလေးငယ်တွေကို ထိုင်းအစိုးရအနေနဲ့ စနစ်တကျ စောင့်ရှောက်မှု မရှိပါကလေးငယ် ၇၈,၈၆၄ ဦးခန့်ဟာ အလုပ်ခွင်ကို စောစီးစွာ ဝင်ရောက်နိုင်တဲ့ အန္တရာယ် နဲ့ ရင်ဆိုင်နေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများကွန်ရက် (Migrant Working Group - MWG) က ဖေဖေါ်ဝါရီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။
 
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်အသီးသီးမှာ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သား ၅သန်းခန့်ရှိနေပြီး ၎င်းရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစု တွေ ထဲ ကလေးငယ်အများပြား ပါဝင် ပြီး ၂၀၂၅ခုနှစ် အတွက် ခန့်မှန်းခြေ စာရင်းအချက်အလက် အရ ၇၈၈၆၄ဦးခန့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
ထိုကလေးငယ်တွေဟာ ထိုင်းအလုပ်သမား စနစ်ရဲ့ တည်ငြိမ်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး စနစ်တကျ စောင့်ရှောက်မှု မရှိပါက ၎င်းတို့ဟာ အလုပ်ခွင်ကို စောစီးဝင်ရောက်ခြင်းသို့မဟုတ် ထိခိုက်လွယ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကာ နိုင်ငံရဲ့ ထုတ်ကုန်ပုံရိပ် နဲ့ ကုန်သွယ်မှုကို ထိခိုက်စေနိုင်တယ်လို့ MWGကသတိပေးထားပါတယ်။
 
ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းကလေးတွေ အခြေခံပညာ သင်ကြားခွင့်စနစ်တကျမြှင့်တင်ပေးဖို့ ပြောထားပြီး ရွှေ့ပြောင်းက‌လေးတွေကို အကာကွယ်ပေးတာဟာ ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ လုပ်သားဈေးကွက်တည်ငြိမ်ရေးနဲ့စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ဆိုထားပါတယ်။
 
ဒါ့အပြင် ကလေးသူငယ် ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲရေး အတွက် ထိရောက်မှု၊ပွင့်လင်းမြင်သာ မှု ရှိ ဖို့ အတွက် ထိုင်းနိုင်ငံဥပဒေနဲ့အညီ ဆောင်ရွက်ရန် အသိပေးထားသလို နိုင်ငံတကာအသိုက်အဝန်းတွင် ယုံကြည်မှုကို မြှင့်တင် ဖို့ အတွက် ကဏ္ဍပေါင်းစုံတွင် ကလေးလုပ်သားပပျောက်ရေး ကို ထိုင်းနိုင်ငံရဲ့ ကတိကဝတ် အတိုင်း အတည်ပြုပြသရန်ကို လည်း MWG အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026