NEWS

ထိုင်းရောက် မြန်မာ များ အိမ်ရှင်လူမှုအသိုင်းအဝိုင်းနှင့် သဟဇာတ ဖြစ်အောင် နေထိုင်ကြရန် NUG သတိပေး

CoverLogo
356 Views
 
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်နေကျတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အိမ်ရှင် ထိုင်းနိုင်ငံသားများရဲ့ လူမှုအသိုင်းအဝိုင်းရဲ့ လူနေမှု ပုံစံနဲ့ အညီ သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရNUGက ဒီနေ့မှာ အသိပေးချက်ထုတ်ပြန်လာပါတယ်။
 
ယခုရက်ပိုင်းမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အချို့ အိမ်ရှင်နိုင်ငံသားတွေနဲ့ ရန်ဖြစ်ခြင်းတွေ မြန်မာနိုင်ငံသားအချင်းချင်း အုပ်စုဖွဲ့ ရန်ဖြစ်ခြင်းစတာတွေ ဖြစ်ပေါ်လာတဲ့ အပေါ် NUGမှ အခုလို အသိပေး ပန်ကြားချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။
 
အသိပေးပန်ကြားချက်တွင် မြန်မာနိုင်ငံ မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်နှိပ်စက်မှုကြောင့် လည်းကောင်း၊စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရှားပါး လာမှုတို့ကြောင့် လည်းကောင်း မြန်မာနိုင်ငံသားများစွာဟာ အမိမြေ ကို မလွဲမရှောင် စွာနဲ့ စွန့်ခွာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခေတ္တခဏ ခိုလှုံနေထိုင် လျက်ရှိပါတယ်။
 
အခုလို ခိုလှုံစဉ်အတွင်းမှာ ထိုင်းနိုင်ငံကပြဌာန်းထားတဲ့ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဒေသန္တရစည်းကမ်းတွေကို လေးစား လိုက်နာကြဖို့ လိုသလို ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာပါဝင်ပတ်သတ်တာတွေမလုပ်ကြဖို့နဲ့ တရားဥပဒေနဲ့ မညီတဲ့ကိစ္စရပ်တွေမှာ မပါဝင်ကြဖို့လည်း NUGက သတိပေးထားပါတယ်။
 
အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံစွန့်ခွာ ထွက်ပြေးကာ ခိုလှုံနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားတဲ့ ထိုင်းဘုရင်မင်းမြတ်၊ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း နဲ့ မြန်မာနိုင်ငံသား တွေကို လည်း လူသားချင်းစာနာထောက်ထား လျက် ဆက်လက် ကူညီစောင့်ရှောက်ပေးရန်လည်း မေတ္တာရပ်ခံထားပါတယ်။
 
မြန်မာနိုင်ငံ တွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းနိုင်ငံ သို့ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၆သန်းဝန်းကျင်အထိ ရှိလာကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတွေထံမှသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026