NEWS

ထိုင်းရောက် မြန်မာလုပ်သား တွေကို နေထိုင်ခွင့်သက်တမ်း ၆လ ထပ်တိုးပေး

CoverLogo
133 Views
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးထားသူတွေနဲ့ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို နေထိုင် အလုပ်လုပ်ခွင့် သက်တမ်း ၆ လထပ်မံ တိုးပေးဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်(Pongkawin)က ဇူလိုင်လ ၈ ရက်နေ့ ကပြောကြားလိုက်ပါတယ်။
 
အခုလို သက်တမ်းတိုးပေးရခြင်း ဟာ မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်ပေးရမယ့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI ထုတ်ပေးရေးလုပ်ငန်းစဉ် ပြုလုပ်ဖို့ အတွက် အချိန် ထပ်တိုးပေးတာဖြစ်တယ်လို့ဆိုပါတယ်။
 
ယခင်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ သက်တမ်းတိုးစောင့်နေတဲ့ မြန်မာအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့်ကို သြဂုတ် ၁၃ ရက်နေ့အထိ ရွှေ့ဆိုင်းပေးခဲ့ပေမယ့် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှု၊ ငလျင်သဘာဝဘေးအန္တရာယ်တွေကြောင့်မြန်မာဘက်မှ ပြုလုပ်ပေးရမယ့် CI ထုတ်ပေးရေး လုပ်ငန်းစဉ်ကို မဆောင်ရွက်နိုင်သေးဘဲကြန့်ကြာနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကဆိုပါတယ်။
 
ယခုမှာတေ့ာ ၎င်း CI ထုတ်ပေးရေး လုပ်ငန်းစဉ် တွေ အတွက် မြန်မာနိုင်ငံ ဘက်မှ ဇူလိုင် ၁၅ရက်မှာ စတင် လုပ်ဆောင်ပေးမယ်လို့ အကြောင်းကြားလာတာကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့် ပါမစ် သက်တမ်းတိုး လုပ်ငန်းစဉ် ကိုအချိန်မီ ဆောင်ရွက် ဖို့ အတွက် နောက်ထပ် ၆လ ကို ထပ်မံ သက်တမ်းတိုးပေးတာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအသစ် မစ္စတာ ဖုန်ကဝင်(Pongkawin)ကပြောပါတယ်။
 
ဒါကြောင့် ပန်းရောင်ကတ်ကိုင်ထားတဲ့ မြန်မာလုပ်သားတွေနဲ့ ပါမစ်သက်တမ်းတိုးထားသူတွေဟာ စာရွက်စာတမ်းတွေ အပြည့်အစုံ မရသေးရင်တောင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အထိ ထိုင်းမှာ တရားဝင် နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
Ref- Matichon Online News

Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025