NEWS

ထိုင်းရောက် မြန်မာလုပ်သားတွေ အွန်လိုင်းငွေစာရင်း လိမ်လည်မှုများတွင်အသုံးချခံနေရ

CoverLogo
535 Views

ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိလုပ်ကိုင်နေကြတဲ့  မြန်မာအလုပ်သမားများရဲ့ ဘဏ်ငွေစာရင်းများအသုံးပြုကာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ   အသုံးချခံရနေရတယ်လို့  ထိုင်းရဲတပ်ဖွဲ့ရဲ့ဖော်ထုတ်လိုက်တဲ့သတင်း တွေအရ  သိရပါတယ်။ 

"ဒါကအရင်ကလည်းရှိတယ်။ ခုကပိုများလာတာပေါ့။ပြီးတဲ့လကတည်းက  ဒီလိုလိမ်လည်မှုတွေရှိနေလို့ ဘဏ်စာရင်းလုပ်ပေးမယ် အကောင့်ဖွင့်ပေးမယ်ဆိုတာတွေ  သတိထားဖို့သံရုံးကလည်းသတိပေးခဲ့တယ်။ နောက်ပြီးပွဲစားတွေ အလုပ်သမားတွေရဲ့အထောက်အထားတွေနဲ့ ဘဏ်စာအုပ်တွေသိမ်းထားတာတွေရှိ တတ်တယ်။ ဒါတွေကမလုပ်ရဘူး။  လုပ်ခွင့်လည်းမရှိဘူး။ဒီလိုလုပ်လာရင် တိုင်ကြားဖို့ သံရုံးကထုတ် ပြန်ထားသေးတယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ထိုင်းနိုင်ငံအတွင်းရှိ အယုဒ္ဓယ၊ နသွန်ဘူရီနှင့် နသွန်ပထုံစတဲ့ဒေသများမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ငွေစာရင်း တွေကို အွန်လိုင်းလိမ်လည်မှုနှင့် အခြားလိမ်လည်မှုများတွင် အသုံးပြုခဲ့သူများကို တွေ့ရှိရပြီး ဖမ်းဆီးရမိခဲ့တာလို့   ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်၁၂ ရက် ထုတ်ပြန်ခဲ့တယ်"လို့ အဲ့ဒီနိုင်ငံအခြေစိုက်သတင်းတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ  ရွှေ့ပြောင်းလုပ်သား ၅၀ ကျော်မှာ ဘဏ်အကောင့်ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရန် လိမ်လည်လှည့်ဖျားခံခဲ့ရတာဖြစ်ပြီး  အဆိုပါဘဏ်အကောင့်တွေနဲ့   လည်ပတ်နေတဲ့  ငွေကြေးပမာဏမှာ  ထိုင်းဘတ်ငွေ သန်း ၃၀၀၀ နီးပါးအထိရှိတယ်လို့လည်း သိရပါတယ်။ 

အဲ့ဒီလိုအသုံးချခံရတဲ့ မြန်မာအလုပ်သမားတွေဟာ တရား၀င်ရောက်ရှိလုပ်ကိုင်နေကြတဲ့  MOU မြန်မာလုပ်သားများပါ၀င်နေပြီး  အဆိုပါအလုပ်သမားတွေဟာ MOU ကုမ္ပဏီများက စီစဉ်ပေးတဲ့ဘဏ်တွေမှာ  ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ဆောင်ရွက်ရာမှာ  ထိုင်းနိုင်ငံရဲ့ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးတာကြောင့် MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ရခြင်းနဲ့  ဘဏ်စာရင်းနှင့် စာုပ်တွေကို ကိုယ်စားလှယ်အချို့က ထိန်းသိမ်းထားခြင်း ပြုလုပ်ခံရတာလို့ သိရပါတယ်။ 

မြန်မာလုပ်သားအချို့ရဲ့ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်တွေက  အွန်လိုင်းမှတစ်ဆင့်လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလိုသူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်များကို အခကြေးငွေရယူပြီး ပေးအပ်ခဲ့ခြင်းများရှိခဲ့သလို ဘဏ်စာရင်းများတွင် ငွေကြေးဝင်/ထွက်မှုများခြင်း၊ စုဆောင်းငွေများပြားခြင်းစတဲ့  မသင်္ကာဖြစ်ဖွယ်ကိစ္စများကြောင့် ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကိုဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စတဲ့ဖြစ်စဉ်များ တွေ့ကြုံနေရတာကြောင့် ထိုင်းရောက်မြန်မာသံရုံးအနေနဲ့  ကူညီဖြေရှင်းပေးလျက်ရှိပြီး ဘဏ်စာအုပ်တွေ ပြန်လည်အပ်နှံခဲ့တာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိတစ်ဦးတည်း၊ သို့မဟုတ်ဘဲ မိသားစုထံတွင်လည်း သိမ်းဆည်းထားရန်လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026