NEWS

ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ

CoverLogo
169 Views
 
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အင်္ဂလိပ်စာ အခြေခံရှိပြီး ကွန်ပျူတာ အခြေခံအဆင့် ကျွမ်းကျင်သူတွေကို Data Entry (အချက်အလက်များ စာရင်းသွင်းခြင်း) လုပ်ဆောင်နိုင်ပါက မိမိအိမ်မှာပင် လုပ်ကိုင်နိုင်တဲ့ အလုပ်တွေ ခေါ်ယူနေပြီဖြစ်တယ်လို့ New Myanmar Foundation က အောက်တိုဘာလ ၁၄ ရက်က ကြေညာထားပါတယ်။
 
ဂျပန်အဖွဲ့အစည်းတွေနဲ့ စီးပွားရှင် တွေက ထိုင်းနိုင်ငံရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ မြန်မာနိုင်ငံသားထဲက အထူးသဖြင့် စစ်ကြောင့်ဒဏ်ရာရရှိသူတွေကို အလုပ်အကိုင်ပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။
 
အင်္ဂလိပ်စာ အခြေခံရှိပြီး ကွန်ပျူတာ အခြေခံအဆင့် ကျွမ်းကျင်သူများကို Data Entry (အချက်အလက်များ စာရင်းသွင်းခြင်း) လုပ်ဆောင်နိုင်ပါက မိမိအိမ်မှာပင် လုပ်နိုင်သော အလုပ်များကို ခေါ်ယူနေပြီဖြစ်ကာ အလုပ်တွက်လိုအပ်တဲ့
ကွန်ပျူတာတစ်လုံးကို အကြွေးဖြင့် ဝယ်ပေးမယ်လို့ သိရပါတယ်။
 
အလုပ်လျှောက်ထားသူတွေ ကို အွန်လိုင်းကနေ လူတွေ့စစ်ဆေး ပြီး အင်တာဗျူး အောင်မြင်ပါက သင်တန်းတတ်ရောက်ရမှာ ဖြစ်ကာ သင်တန်းကာလ ၂ပတ်မှ၄ပတ် ကြာမြင့်မယ်လို့ ဆိုပါတယ်။
 
သင်တန်းကာလ အတွင်း အမေရိကန်ဒေါ်လာ ၃၀၀ ထောက်ပံ့မှာဖြစ်ကာ သင်တန်းပြီးလို့ အလုပ်ဝင်တဲ့ ကာလ မှာ တော့ တစ်လ ကို အမေရိကန်ဒေါ်လာ ၃၅၀ ပေးမယ်လို့ ကြေညာထားပါတယ်။
 
အလုပ်ချိန်ကို မနက်၉နာရီမှ ညနေ၆နာရီ အထိ သတ်မှတ်ပြီး တပတ်ကို ၅ရက် အလုပ်လုပ်ကိုင်ရမယ်လို့ သိရပါတယ်။
စိတ်ဝင်စားသူတွေ အနေနဲ့ ဖုန်းနံပတ် +66 990 366 720 ကို ရုံးချိန်အတွင်း အသေးစိတ်မေးမြန်းနိုင်ပြီး ကိုယ်ရေးရာဇဝင် အချက်အလက် (CV Form) နှင့် အလုပ်လျှောက်စာ (Cover Letter) အား (English) ဘာသာဖြင့် ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်း မြန်မာနိုင်ငံသားတွေ ကို ၃ နှစ်အတွင်း လူ ၃၀၀ အထိကျား မ မရွေး အလုပ်ပေးမှာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ က ၂ဦး အလုပ်ရရှိခဲ့ကာ ယခု အောက်တိုဘာလ အတွက် ၅ဦး ထပ်မံခေါ်ယူမယ်လို့ သိရပါတယ်။
 

Related posts

Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025
Cover
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ
Dec 22, 2025
Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025