NEWS

ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ

CoverLogo
299 Views
 
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အင်္ဂလိပ်စာ အခြေခံရှိပြီး ကွန်ပျူတာ အခြေခံအဆင့် ကျွမ်းကျင်သူတွေကို Data Entry (အချက်အလက်များ စာရင်းသွင်းခြင်း) လုပ်ဆောင်နိုင်ပါက မိမိအိမ်မှာပင် လုပ်ကိုင်နိုင်တဲ့ အလုပ်တွေ ခေါ်ယူနေပြီဖြစ်တယ်လို့ New Myanmar Foundation က အောက်တိုဘာလ ၁၄ ရက်က ကြေညာထားပါတယ်။
 
ဂျပန်အဖွဲ့အစည်းတွေနဲ့ စီးပွားရှင် တွေက ထိုင်းနိုင်ငံရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ မြန်မာနိုင်ငံသားထဲက အထူးသဖြင့် စစ်ကြောင့်ဒဏ်ရာရရှိသူတွေကို အလုပ်အကိုင်ပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။
 
အင်္ဂလိပ်စာ အခြေခံရှိပြီး ကွန်ပျူတာ အခြေခံအဆင့် ကျွမ်းကျင်သူများကို Data Entry (အချက်အလက်များ စာရင်းသွင်းခြင်း) လုပ်ဆောင်နိုင်ပါက မိမိအိမ်မှာပင် လုပ်နိုင်သော အလုပ်များကို ခေါ်ယူနေပြီဖြစ်ကာ အလုပ်တွက်လိုအပ်တဲ့
ကွန်ပျူတာတစ်လုံးကို အကြွေးဖြင့် ဝယ်ပေးမယ်လို့ သိရပါတယ်။
 
အလုပ်လျှောက်ထားသူတွေ ကို အွန်လိုင်းကနေ လူတွေ့စစ်ဆေး ပြီး အင်တာဗျူး အောင်မြင်ပါက သင်တန်းတတ်ရောက်ရမှာ ဖြစ်ကာ သင်တန်းကာလ ၂ပတ်မှ၄ပတ် ကြာမြင့်မယ်လို့ ဆိုပါတယ်။
 
သင်တန်းကာလ အတွင်း အမေရိကန်ဒေါ်လာ ၃၀၀ ထောက်ပံ့မှာဖြစ်ကာ သင်တန်းပြီးလို့ အလုပ်ဝင်တဲ့ ကာလ မှာ တော့ တစ်လ ကို အမေရိကန်ဒေါ်လာ ၃၅၀ ပေးမယ်လို့ ကြေညာထားပါတယ်။
 
အလုပ်ချိန်ကို မနက်၉နာရီမှ ညနေ၆နာရီ အထိ သတ်မှတ်ပြီး တပတ်ကို ၅ရက် အလုပ်လုပ်ကိုင်ရမယ်လို့ သိရပါတယ်။
စိတ်ဝင်စားသူတွေ အနေနဲ့ ဖုန်းနံပတ် +66 990 366 720 ကို ရုံးချိန်အတွင်း အသေးစိတ်မေးမြန်းနိုင်ပြီး ကိုယ်ရေးရာဇဝင် အချက်အလက် (CV Form) နှင့် အလုပ်လျှောက်စာ (Cover Letter) အား (English) ဘာသာဖြင့် ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်း မြန်မာနိုင်ငံသားတွေ ကို ၃ နှစ်အတွင်း လူ ၃၀၀ အထိကျား မ မရွေး အလုပ်ပေးမှာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ က ၂ဦး အလုပ်ရရှိခဲ့ကာ ယခု အောက်တိုဘာလ အတွက် ၅ဦး ထပ်မံခေါ်ယူမယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026