NEWS

ထိုင်းရောက်လုပ်သားများပန်းရောင်ကတ်စာရင်းတင်သွင်းချိန် ၁၅ရက်သာခွင့်ပြုပေးခဲ့

CoverLogo
1.3K Views

ထိုင်းအစိုးရက နိုင်ငံအတွင်းတရားမ၀င်နေထိုင်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံခြားသားအလုပ်သမားများကို ယာယီလုပ်သားမှတ်ပုံတင်ပေးရန် ပန်းရောင်ကတ်ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ပေးရာမှာ ယခုနှစ် ပန်းရောင်ကတ်လျှောက်ထားရန်စာရင်းတင်သွင်းချိန် အချိန်၁၅ရက်သာခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

"ဒါကပြဌာန်းတဲ့ရက်တွေ  စာရင်းသွင်းချိန်တွေက စလုပ်တဲ့ရက်တွေက မတူဘူး။၂၀၂၀တုန်းက စာရင်းတင်သွင်းချိန်က တစ်လပေးတယ်။ ၂၈ရက်၉လပိုင်း၂၀၂၁တုန်းကလည်း အချိန်တစ်လပဲပေးတယ်။ ဒီဘက်နှစ်မှာတော့ ၁၅ရက်ပဲပေးခဲ့တယ်။ ၁ရက်၈လ၂၀၂၂ကစလိုက်တယ်။ ၁၅ရက်၈လ ၂၀၂၂ စာရင်းပိတ်သွားတယ်။ အဲ့နောက်ကျန်းမာရေးစစ်ရမယ် စာရင်းသွင်းရမယ်။ အဲ့ဒါကို၁၀လပိုင်း၁၅ရက်နေ့အပြီးဆောင်ရွက်ရမယ်။ ပြီးရင်တော့ အလုပ်လုပ်ခွင့် လက်မှတ်လျှောက်တဲ့စာရွက်ရယ်ငွေကြေ စာရွက်တွေယူပြီး အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာနရုံးမှာ သွားတင် အဲ့မှာတင်ပြီးမှ အလုပ်လုပ်ခွင့်ကလက်မှတ်ယူရမယ် အဲ့တာရပြီးမှ ပန်းရောင်ကတ်ရမယ်။  တစ်ခေါက်နဲ့တစ်ခေါက်မတူဘူး"လို့  ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း၌  မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် စတဲ့နိုင်ငံအသီးသီးမှ  တရားမဝင်နေထိုင်လုပ်ကိုင်လျှက်ရှိသော လုပ်သားများကို တရားဝင်နေထိုင်လုပ်ကိုင်နေရေးရည်ရွယ်၍ ပြီးခဲ့တဲ့ဇူလိုင်လ ၅ ရက်နေ့တွင် အဆိုပါလုပ်သားများကို လုပ်သားမှတ်ပုံတင်ဖွင့်ပေးရန် (ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးရန်) ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။  

ယင်းကဲ့သို့ပန်းရောင်ကတ်ပြုလုပ်ပေးရန် ၂၀၂၀ခုနှစ် ၁၂လပိုင်း ၂၉ရက်ကတစ်ကြိမ်၊ ၂၀၂၁ခုနှစ် ၉လပိုင်း ၂၈ရက်ကတစ်ကြိမ်ထပ်မံပြုလုပ်ပေးခဲ့ပြီး  ကျန်ရှိအလုပ်သမားများနဲ့အလုပ်သမားအသစ်တွေထပ်ရှိလာတာကြောင့်  ယခုနှစ်ဇူလိုင်လ၅ရက်နေ့က တစ်ကြိမ်ထပ်မံံပြုလုပ်ရန် ၂၀၂၂မှာတစ်ကြိမ်ဆိုပီး အတည်ပြုပြဌာန်းလိုက်တာဖြစ်ပြီး ပထမလုပ်ငန်းစဉ်အဖြစ် ဩဂုတ် ၁ ရက်နေ့မှ ၁၅ ရက်နေ့ (၂၀၂၂) အထိ Name List တင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးခဲ့ပြီးနောက် ဒုတိယလုပ်ငန်းစဉ်အဖြစ် ဩဂုတ်လ ၁၆ ရက်နေ့မှ ယနေ့အောက်တိုဘာလ ၁၅ ရက်နေအထိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကြေး (ဝေါ့ပါမစ်ကြေး) ပေးသွင်းခြင်းနှင့်လျှောက်ထားခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးခဲ့တာကြောင့်နှစ်စဉ်စာရင်းတင်သွင်းချိန် တစ်လဆီပေးခဲ့ပေမဲ့ ယခုနှစ်မှာတော့ ၁၅ရက်သာပေးခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ဒါကြောင့် Name List တင်ထားသောလုပ်သားများသည် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေ ရန်အတွက် အောက်တိုဘာလ ၁၅ ရက်နေ့အမီ ဝေါ့ပါမစ်ကြေးပေးသွင်းပြီး ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ထိုင်းအမျိုးသားမှတ်ပုံတင်စနစ်ထဲသို့ ကိုယ်ရေးရာဇဝင်ပြုစုခြင်း တို့ကိုအောက်တိုဘာလ ၁၆ ရက်နေ့ (၂၀၂၂) မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၂၀၂၃) အထိ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နေထိုင်ခွင့်ဗီဇာနဲ့ ၊ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ(CI- Certificate of Identity)စာအုပ်နဲ့  ပန်းရောင်ကတ်ကိုင်ဆောင်ထားမှသာ  တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက် နေထိုင်ခွင့်ဗီဇာ တံဆိပ် တုံးထုတာ၊ CI စာအုပ်ပြုလုပ်တာတွေကို ထိုင်းနိုင်ငံအတွင်းက သက်ဆိုင်ရာ CI စင်တာတွေမှာ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews
migrantworkers


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026