NEWS

ထိုင်းရောက်မြန်မာအလုပ်သမား‌‌ဘဏ်စာအုပ်များ လောင်းကစားလုပ်ငန်းများတွင်အသုံးပြုခံနေရဟုဆို

CoverLogo
630 Views

ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမားတွေရဲ့ဘဏ်စာရင်းနဲ့ဘဏ်စာအုပ်တွေကိုအွန်လိုင်းလောင်းကစားလုပ်ကိုင်သူတွေနဲ့ငွေကြေးခဝါချလိုသူကအသုံးချတာတွေရှိနေတယ်လို့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးကဇွန်လ(၆)ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာMOUလုပ်သားတွေဟာဒီအခြေအနေတွေကြောင့်ဘဏ်စာရင်းပိုင်ရှင်တွေကိုဆင့်ခေါ်ဝရမ်းထုတ်ခံရတာ၊ဖမ်းဝရမ်းထုတ်ခံရတာနဲ့အချုပ်ထောင်မှာချုပ်နှောင်ခံရတာတွေရှိနေပါတယ်။

ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်မယ့်မြန်မာအလုပ်သမားတွေက‌ MOU ကုမ္ပဏီတွေကစီစဉ်ပေးတဲ့ဘဏ်တွေမှာဘဏ်စာရင်းဖွင့်တာတွေ၊ ဘဏ်စာအုပ်ပြုလုပ်တာတွေလုပ်ဆောင်ရပါတယ်။ဒီအခြေအနေမှာဘဏ်လုပ်ငန်းစဉ်နဲ့မရင်းနှီးတဲ့အလုပ်သမားတွေကကုမ္ပဏီကိုယ်စားလှယ်တချို့ရဲ့ပြောကြားချက်ကိုလိုက်ပါဆောင်ရွက်ရတာ၊ ဘဏ်စာရင်းနဲ့စာအုပ်တို့ကိုက်ုယ်စားလှယ်ကထိန်းသိမ်းတာတွေတွေ့ကြုံနေရပါတယ်။

လက်ရှိမှာတော့ကိုယ်စား လှယ်တွေကအခကြေးငွေရယူကာအွန်လိုင်းကတစ်ဆင့်လောင်းကစားလုပ်သူတွေ၊ငွေကြေးခဝါချသူတွေကိုရောင်းချနေတာဖြစ်ပါတယ်။

ရောင်းချခံရတဲ့ဘဏ်စာရင်းတွေ၊ စာအုပ်တွေကငွေကြေးဝင်ထွက်မှုများတာ၊ စုဆောင်းငွေပမာ‌ဏများလွန်းနေတာကြောင့်ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကအရေးယူတာတွေလုပ်ဆောင်နေတယ်လို့သံရုံးကဖော်ပြထားပါတယ်။

"အရင်ကတည်းကဒီလိုကိစ္စတွေကကြားဖူးတယ်။နောက်တစ်ချို့အလုပ်သမားအရေးကူပေးနေတဲ့အဖွဲ့အစည်းတွေကသတိပေးတာတွေလည်းရှိတယ်။သူများနိုင်ငံမှာအလုပ်လုပ်မယ်ဆိုရင်တော့အရမ်းရိုးလွန်းရင်မကောင်းဘူး။အခုတော့ခံရတဲ့သူတွေကပညာရသွားတာပေါ့"လို့ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ဘဏ်စာရင်း၊ ဘဏ်စာအုပ်အလွဲသုံးစားအလုပ်ခံရရင်ကာယကံရှင်ရဲ့နိုင်ငံကူးလက်မှတ်မိတ္တူ(ဓာတ်ပုံပါ)၊ တယ်လီဖုန်းနံပါတ်၊ စာရင်းဖွင့်ခဲ့တဲ့ဘဏ်အမည်နဲ့နယ်မြေ၊ ဘဏ်စာရင်းဖွင့်ရာမှာလိုက်ပါဆောင်ရွက်ပေးသူဓာတ်ပုံ(ရှိပါကယူဆောင်လာရန်)စတာတွေကိုကာယကံရှင်ဖြစ်စေမိတ်ဆွေကဖြစ်စေယူဆောင်လာပြီးမြန်မာသံရုံးနဲ့အလုပ်သမားသံအရာရှိရုံးတွေကိုလာရောက်အကူအညီတောင်းခံနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026