NEWS

ထိုင်းရောက်မြန်မာအလုပ်သမားတွေထံမှ ၂ နှစ်စာသက်တမ်းတိုးကုန်ကျငွေ ဘတ် ၁၄၀၀၀ အထိကောက်ခံနေလို့ တောင်းဆိုမှုတွေရှိနေ

CoverLogo
718 Views

ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ၂ နှစ်စာသက်တမ်းတိုးရာမှာ စက်ရုံတွေက ဘတ် ၁၄၀၀၀ အထိ ဖြတ်တောက်နေတာကြောင့် စက်ရုံအချို့မှာ ဆန္ဒပြတောင်းဆိုမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စာမွတ်ပါရကန်ခရိုင်ထဲကကားပစ္စည်းထုတ်လုပ်ရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄၀၀ ကျော်ဟာ ပကန်ဆန်ခုန်အာမခံပုံမှန်သွင်းနေတဲ့ လူဟောင်းအလုပ်သမားတွေကိုပင် ၂ နှစ်စာ သက်တမ်းတိုးရာမှာ ဘတ် ၁၃၀၀၀ အထိကောက်ခံလို့ အလုပ်သမားတွေက စက်ရုံအတွင်းဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ဘန်ကောက်မြို့အနီး စာမွတ်ပါရကန်ခရိုင်ထဲကကားပစ္စည်းထုတ်လုပ်ရေးစက်ရုံပါ။ အားလုံးညီညွတ်ကြပါ။ မတရားမှုကို ဆန့်ကျင်ပါ။ မိမိရဲ့ ချွေးနဲစာကို ခေါင်းပုံဖြတ်သူတွေကို စုစည်းမှုခွန်အားဖြင့်ပြန်လည်အနိုင်ယူကြပါ။ လိုအပ်သော အကြံဥာဏ်တွေကိုရဲမင်းဘက်က အတတ်နိုင်ဆုံးကူညီပေးပါမယ်" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ AAC ကိုရဲမင်းက ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နိုဝင်ဘာ လကုန်ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွမ်ထဘူရီနယ်မြေထဲက မြန်မာလုပ်သားထောင်ကျော် ရှိတဲ့ အလုပ်ရုံကြီးမှာ မြန်မာအလုပ်သမားတစ်ထောင်ကျော်ဟာ ၁၃.၂.၂၀၂၅ လေးနှစ်ပြည့် လူဟောင်းအလုပ်သမား တွေနှစ်နှစ်စာ ဗီဇာ၊ ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၄,၀၀၀ အလုပ်ရုံဘက်က ကောက်ခံတာကို ကျေနပ်မှု မရှိလို့ မြန်မာလုပ်သားတစ်ထောင်ကျော်က နေ့လည်ပိုင်းထမင်းစားနားချိန်မှာ အလုပ်သမားတွေတောင်းဆိုကြလို့ အလုပ်ရုံဘက်က ဈေးနှုန်းလျှော့ချပေးလိုက်ရတယ်လို့ သိရပါတယ်။

အခြားသောစက်ရုံအလုပ်ရုံက မြန်မာအလုပ်သမားတွေလည်း ယခုကဲ့သို့စည်းလုံးစွာဖြင့် ဆန္ဒမပြဘဲ ငြိမ်းချမ်းစွာ တောင်းဆိုကြဖို့နဲ့ အလုပ်ရုံတာဝန်ရှိသူတွေကို ထိုင်းစကား နားလည်တက်ကျွမ်းသူတွေနဲ့ နားဝင်အောင်သေချာရှင်းပြပြီး အချက်အလက်တွေ နဲ့တစ်ကွ စနစ်တကျပြောဆိုဆွေးနွေးကြဖို့ကိုလည်း ၎င်းကဆက်လက်ပြောဆိုပါတယ်။

"ပုံမှန်ဆို လူဟောင်းနှစ်နှစ်စာဗီဇာနဲ့ဝေါ့ပါမစ် သက်တမ်းတိုးတာ ပကန်ဆန်ခုန် အာမခံ ရှိပြီးသားသူတွေက ဘတ်တစ်သောင်းမကျော်ပါဘူး။ အေဂျင်စီတွေကတော့ အမြတ်ကြီးစားတွေချည်းပါပဲ။ ခုကဘတ်တစ်သောင်း ဝန်းကျင်အထိလျှော့ချပေးလိုက်တယ်လို့ သိရတယ်"လို့ ယင်းက ပြောပါတယ်။

ယခုလိုနှစ်နှစ်စာ လူဟောင်းနှစ်နှစ်စာဗီဇာနဲ့ဝေါ့ပါမစ် သက်တမ်းတိုးကုန်ကျငွေကို ဘတ်၁၄၀၀၀ ကနေ ဘတ် ၁၇၀၀၀ အထိကောက်ခံနေကြတာဖြစ်ပြီး အမှန်တကယ်ကုန်ကျရမဲ့နှုန်းထားနဲ့သာ သက်တမ်းတိုး ရရှိဖို့မဖြစ်နိုင်ဘူးလို့လည်း ထိိုင်းကိုအလုပ်သမားစေလွှတ်နေတဲ့ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

အဲ့ဒီလို့အမြတ်ကြီးစားကောက်ခံနေကြတာဟာ အလုပ်ရုံအပြင်က ထိုင်းမြန်မာပွဲစားတွေနဲ့ပေါင်းပြီး မြန်မာလုပ်သား တွေရဲ့ အပိုင်းကို တာဝန်ပေးထားသောစာရေးမ၊ ဝဏ္ဏတွေ ၊ မန်နေဂျာတွေက အလုပ်ရုံပိုင်ရှင်သဌေးတွေနဲ့ မန်နေဂျာတွေအထိ ပေးမသိဘဲ ပွဲစားတွေနဲ့ပေါင်းကာ အလုပ်သမားတွေထံကနေ အမြတ်ထုတ်နေကြတာလို့ဆိုပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမားတစ်ယောက်အနေနဲ့ ဗီဇာသက်တမ်းတိုး ဘတ်၂၅၀၀ သာကုန်ကျနိုင်ပြီး လူဟောင်းနှစ်နှစ်စာဗီဇာနဲ့ဝေါ့ပါမစ်သက်တမ်းတိုးပွဲစားခအပါစုစုပေါင်းကုန်ကျငွေ ဘတ်၇၀၀၀မှ ဘတ် ၉၀၀၀ အထိသာ အများဆုံးကုန်ကျနိုင်ကာ အဆိုပါအလုပ်သမားတွေထံက ဘတ်၁၄၀၀၀ မှ ဘတ် ၁၇၀၀၀ အထိကောက်ခံနေကြတာဟာ များလွန်းတဲ့ပမာဏဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကပြောပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026