NEWS

ထိုင်းရောက်မြန်မာအလုပ်သမားတွေကို စစ်မှုထမ်းဆင့်ခေါ်ပါက အလုပ်ထွက်ပြီး  မြန်မာပြည်ပြန်ရမယ်လို့  ထိုင်းအလုပ်ရှင်က လက်မှတ်ထိုးခိုင်း

CoverLogo
599 Views

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့  စစ်ကောင်စီဘက်က  စစ်မှုထမ်းဆင့်ခေါ်လာပါက အလုပ်ထွက်ပြီး  မြန်မာပြည် ပြန်ရမယ် ဆိုတဲ့ အလုပ်ရှင်အလုပ်သမားသဘောတူညီချက်စာချုပ်ကို ထိုင်းအလုပ်ရှင်တွေက  အလုပ်သမားကို လက်မှတ်ထိုးခိုင်းတာတွေ စတင်ပြုလုပ်နေတယ်လို့  ထိုင်းရောက်မြန်မာအလုပ်သမားတွေထံက သိရ ပါတယ်။ 

 

အဆိုပါကတိကဝတ်စာချုပ်ကို စစ်ကောင်စီရဲ့မြန်မာသံရုံးက လက်မှတ်ထိုးခိုင်းချက်အရ စက်ရုံအလုပ်ရုံအလုပ် ရှင်တွေကပါ အလုပ်သမားတွေကိုလက်မှတ်ထိုးခိုင်းနေတာ ဖြစ်တယ်လို့  မြန်မာအလုပ်သမားများက စာချုပ်နဲ့ တကွ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ 

 

"ဟုတ်ပါတယ်။ သူကစစ်ကောင်စီရဲ့ သံရုံးကဒါကိုလုပ်ဖို့ပြောလာလို့ ထိုင်းစက်ရုံအလုပ်ရုံတွေကအလုပ်ရှင် တွေက လုပ်လာတာ။  စစ်မှုထမ်းက ထိုင်းနိုင်ငံအထဲထိကိုလိုက်ပြီးပါလာတာတဲ့သဘောပဲ။  ထိုင်းကလည်းလက်ခံထားတာဆိုတော့ ဘာတွေရှိနေမလဲ။ ခုကစာချုပ်တွေပါထွက်လာတယ်။ အလုပ်သမား တွေလည်းနေစရာမရှိ ကျီးလန့်စာစားဖြစ်နေရပြီ။ G to G အဆင့်လုပ်တယ်လို့တော့သိရတယ်" လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတစ်ဦးက ဆိုပါတယ်။  

 

အဆိုပါစာချုပ်ပါစည်းကမ်းချက် တွေ အရ  ဝန်ထမ်းကိုစစ်မှု ထမ်းရန်ခေါ်ယူတဲ့ ကိစ္စမှာ "ဝန်ထမ်းသည်ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ခြင်းမှရပ်စဲပြီး ချက်ခြင်းနှုတ်ထွက်ရမည်။ ကုမ္ပဏီသည် အောက်ပါကိစ္စရပ်များအတွက် အလုပ်မှရပ်စဲ ခွင့်ရှိသည်ဆိုကာ အကျင့်ပျက်ခြစားခြင်းသို့မဟုတ်ကုမ္ပဏီကို ရာဇဝတ်မှုကျူးလွန်ရန် တမင်ကျူးလွန်ခြင်း၊ ကုမ္ပ ဏီကို တမင်ထိခိုက်စေသည်"ဟုဆိုကာထည့်သွင်းချုပ်ဆိုထားတာဖြစ်တယ်လို့ စာချုပ်ပါအရ သိရပါတယ်။ 

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်က  ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်ရှိ OCTA Food  စက်ရုံမှာ အလုပ်လုပ် နေတဲ့ မြန်မာအလုပ်သမားတချို့ကို  စစ်မှုထမ်းဖို့အလှည့်ကျဆင့်ခေါ်ထားပြီး စက်ရုံထဲမှာစစ်မှု ထမ်းဖို့ ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက အလှည့်ကျစာရင်းပေးပို့လာလို့ စစ်မှုထမ်းရမဲ့အလုပ်သမားတွေပါရှိ နေတယ်ဆိုကာ အလုပ်မှရပ်စဲလိုက်သလို အခြားသောအလုပ်သမားတွေအနေနဲ့လည်း စစ်မှုထမ်းစာရင်းပါရှိပါက စစ်မှုထမ်းပြန်ဖို့ယခုလိုစာချုပ်မှာ လက်မှတ်ရေးထိုးခိုင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

"မြန်မာသံရုံးက စစ်မှုထမ်းရမယ့် အလုပ်သမားစာရင်းက  သူတို့သံရုံးကိုအရင်ရောက်နိုင်တယ်။  သံရုံးကနေမှ  အလုပ်သမားစီရောက်မယ်။ ဒီလိုပုံစံအတိုင်းဆိုရင်  MoUတွေလျော့နည်းလာတော့မယ်လို့မြင်တယ်။ MoUတွေက အေဂျင်စီနဲ့စာချုပ်ချုပ်ရင်လည်း  အဲ့ဒီစစ်မူထမ်းစာချုပ်ပါအချက်ထည့်ချုပ်ရတယ်ဆိုတော့  စာရင်းအတိအကျနဲ့လာဖို့က  MoU တွေပဲရှိတယ်။  ရှေ့ဆက်အခြေအနေတွေ ပိုဆိုးလာဖို့ပဲရှိတယ်။ ထိုင်းရောက်မြန်မာအလုပ်သမားတွေက  နှိမ်ခံဖိနှိပ်ခံရတာ ခုလိုဆိုပိုပြီးဆိုးလာတော့မယ်" လို့  ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။  

 

အာဏာသိမ်းစစ်ကောင်စီက ပြည်ပထွက်ခွာလုပ်ကိုင်မဲ့ ပြည်တွင်းအလုပ်သမားတွေကို နည်းလမ်းမျိုးစုံနဲ့ ကန့်သတ်မှုတွေပိတ်ဆို့မှုတွေ တားဆီးမှုတွေပြုလုပ်နေတဲ့အပြင် MoU စာချုပ်မှာစစ်မူထမ်းဆင့်ခေါ်ပါက မဖြစ်မနေပြန်လည်ဝင်ရောက်ထမ်းဆောင်ဖို့ ထည့်သွင်းချုပ်ဆိုရသလို    ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမား တွေကိုပါ စစ်မှုထမ်းဆောင်ရွက်ဖို့  ပြည်တော်ပြန်ရေးကိုပါ ထိုင်းအစိုးရနဲ့ပူးပေါင်းကာ   နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေး ခြိမ်းခြောက်မှုတွေ  လုပ်ဆောင်လာတာဖြစ်ပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026