NEWS

ထိုင်းရောက်မြန်မာနိုင်ငံသားတွေကို ဇီဝအချက်အလက်ကောက်ယူမှု စိုးရိမ်နေရဟုဆို

CoverLogo
510 Views

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအများအပြားနေထိုင်တဲ့ခရိုင်တွေမှာ ထိုင်းအာဏာပိုင်တွေက ဇီ၀မှတ်တမ်းအချက်အလက်တွေ ကောက်ယူမှုတွေပြုလုပ်နေတာကြောင့် တရားမ၀င်ရောက်ရှိလုပ်ကိုင်နေရတဲ့ အထောက်အထားမစုံလင်တဲ့မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိ နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင် သွားရောက်နေထိုင်သူတွေရှိသလို တရားမဝင် နေထိုင်သူတွေလည်းများပြားတာကြောင့် အခုလို ဇီဝအချက်အလက်ကောက်ယူမှုဟာ တရားမဝင်နေထိုင်သူတွေအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သိရပါတယ်။

"အလုပ်သမားတွေ အတွက်ကတော့ တရားဝင်နေထိုင်ရတဲ့ အလုပ်သမားရှိသလို့ တရားဝင် နေထိုင်ဖို့ ကြိုစားနေတဲ့ သူတွေ ရှိတော့ အခု ထိုင်းနိုင်ငံမှ ကိုယ်ရေးဇီဝ အချက်အလက် ပေးဖို့အတွက် အလုပ်သမားတွေက စိုးရိပ်ကြမှာပေါ့ နိုင်ငံရေးကြောင်း ရွှေ့ပြောင်းလာကြတဲ့ သူတွေကတော့ အခုလို့ အချက်အလက်တောင်းတာတွေကို ပေးရဲကြမှမဟုတ် ဒီအချက်အလက်တွေက စကစ လက်ထဲရောက်သွားရင် အန္တရာယ်ရှိနိုင်တယ် လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်တင်တင်ဝေက ပြောပါတယ်။

အဆိုပါဇီ၀မှတ်တမ်းကောက်ယူမှုတွေကို ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတိုင်းကိုကောက်ယူတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံသားတစ်မျိုးတည်းကိုသာ ပြုလုပ်တာဖြစ်လို့ မြန်မာနိုင်ငံသား အများအပြားနေထိုင်နေတဲ့ ထိုင်းနိုင်ငံ တာ့ခ်နဲ့ စမွတ်စခွန်ခရိုင်အပါအဝင် ခရိုင်ငါးခရိုင်အတွင်းက မြန်မာအလုပ်သမားတစ်သောင်းနီးပါးကို မျက်လုံးနဲ့ မျက်နှာဇီဝမှတ်တမ်းအချက်အလက်ကောက်ယူမှုတွေကို ကနဦးကောက်ယူထားပြီး ဖြစ်သလို အခြားသောမြန်မာနိုင်ငံသားများနေထိုင်ရာနေရာတွေမှာလည်း ဆက်လက်ကောက်ယူသွားဖို့ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

အဲ့ဒီလိုစစ်တမ်းကောက်ယူမှုနဲ့ပတ်သက်ပြီး အဆိုပါစစ်တမ်းကောက်ယူမှုဟာ ကျန်းမာရေးအတွက်စစ်တမ်းကောက်ယူ ခြင်းဖြစ်ပြီး တစ်နေရာလျှင် လူဦးရေ၆၀၀နှုန်းဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရင်ဆိုင်နေကြရတဲ့အခက်အခဲတွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရတဲ့ ဘ၀လူမှုရေးကျန်းမာရေးအခြေအနေတွေအတွက် မေးမြန်းကောက်ယူမှာဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေကို မေးမြန်းပြီးလူံခြူံရေးအတွက် စိုးရိမ်စရာမလိုဘူးလို့လည်း အာဏာပိုင်တွေက ဆိုထားပါတယ်။

"အထောက်အထားမရှိလို့ဖမ်းတာမျိုးကတော့သူတို့အထောက်အထားအသစ်လုပ်ပေးနေချိန်ဆိုရင်တော့ အဖမ်းအဆီးစီမဲချက်တွေရှိတယ်။ ဒါပေမဲ့ ဒီဇီ၀အချက်အလက်ကောက်လို့ အဖမ်းဆီးပိုများလာနိုင်တာ မျိုးတော့မဖြစ်နိုင်ဘူး။ နောက်တစ်ခုကဒီထက်ပိုပြီးမဖမ်းနိုင်တော့ဘူး။ ဆိုလိုတာက ခုလည်းညဘက်တွေမှာအကုန်၀င်ဖမ်းဆီးနေတာဆိုတော့ သူတို့ဟာသူတို့လိုက်လံဖမ်းဆီးနေတာတွေကရှိနေပြီးသား ဒီစီမံချက်ကြောင့်တော့မဟုတ်ဘူး လို့ ထိုင်းရောက် မြန်မာအလုပ်သမားရေးဆောင်ရွက်သူ တစ်ဦးကမှတ်ချက်ပြုပါတယ်။

အဆိုပါဇီ၀မှတ်တမ်းအချက်အလက်ကောက်ယူမှုဟာ ကျန်းမာရေးအတွက် စစ်တမ်းကောက်ယူတယ်လို့ ခေါင်းစဉ်တပ်ထားပေမဲ့ မြန်မာနိုင်ငံအတွင်းမှာလည်း ပြည်ပနိုင်ငံကိုထွက်တဲ့ခါ ဇီ၀မှတ်တမ်းကောက်ယူထားတဲ့ UID ကတ်ပါရှိမှာသာ ၀င်ရောင်ခွင့်ရရှိတာဖြစ်တာကြောင့် ယခုလိုပြည်တွင်းရောပြည်ပကိုရောပါ ဇီ၀မှတ်တမ်းကောက်ယူမှုနဲ့ ကန့်သတ်ဆောင်ရွက်တာက လူံခြုံရေးအတွက် အကြပ်အတည်းဖြစ်စေအောင်တမင်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ထိုင်းရောက်မြန်မာတစ်ဦးကဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အလုပ်သမားတွေလည်းပါ၀င်သလို၊ စစ်အာဏာရှင်ကိုဆန့်ကျင်ကြတဲ့ သူတွေလည်း အများအပြားရှိနေတာကြောင့် ဒီဇီဝအချက်အလက်ကောက်ခံတာဟာ အားလုံးရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026