NEWS

ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့

CoverLogo
333 Views
 
ထိုင်းနိုင်ငံ အတွင်း အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၄ဦး ကို မတ်လ၉ရက်နေ့ က မြန်မာပြည် ကော့သောင်းဘက်သို့ ပြန်လည်လွှဲပို့ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံ ရေကြောင်းလုံခြုံရေးကွပ်ကဲမှုဒေသရုံးရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
အမျိုးသား၈၄ဦးနဲ့အမျိုးသမီး ၂၀ဦး တို့ကို ပါဝင်ကာ ရနောင်းကတစ်ဆင့်ကော့သောင်း ဘက်သို့ ရေကြောင်းဖြင့် လွှဲပို့ပေးခဲ့တယ်လို့ သိရပါတယ်။
 
၄င်းတို့မှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊အထောက်အထားမရှိ ဘဲ နေထိုင် မှု တို့အပါအဝင် အခြား အကြောင်းအရာတွေ ကြောင့် အဖမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေ အနေနဲ့ ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို လစဉ် အနည်းဆုံး တစ်ကြိမ် မြန်မာ ဘက်သို့ ပြန်လွှဲပို့ပေးပြီး ယခု ၂၀၂၆ခုနှစ် အတွင်း ငါးကြိမ် လွှဲပို့ ခဲ့ရာ လူဦးရေ ၄၀၀ ခန့်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြစ်ဒဏ် ကျခံပြီးလို့ မြန်မာဘက်သို့ လွှဲ ပြောင်းခံရတဲ့ သူတွေကို ၂၀၂၄ခုနှစ်က စပြီး စစ်ကော်မရှင်က စစ်မှုထမ်း ဖို့ အတင်းအဓမ္မခေါ်ဆောင် သွားသလို မိသားစု ဝင်တွေက ပိုက်ဆံသိန်းချီပေး၍ ပြန်ရွေးထုတ်ရတာလည်းရှိတယ်လို့ စစ်မှုထမ်းအတွက်ခေါ်ဆောင်ခံရပြီး ထွက်ပြေးလွတ်မြောက်လာသူတွေ ထံ မှ သိရပါတယ် ။
 
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တွင် ရနောင်းမှ တစ်ဆင့်ကော့သောင်း ဘက်သို့ ပြန်လွှဲပို့ခံရသူ မြန်မာနိုင်ငံသား ၂၀၀၀ကျော် ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026