NEWS

ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ

CoverLogo
459 Views
 
ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားတွေကို စီမံချက် နဲ့ ဖမ်းဆီးရာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
 
"OPERATION BAD GUYS OUT’ စစ်ဆင်ရေး ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်စွာ ပြုလုပ်ရာ ဒီဇင်ဘာ ၁ရက်မှ ၂၀ရက် အတွင်း သံသရရှိသူ နိုင်ငံခြားသား လုပ်သား ၁၂၂၀၇ဦးကို ဖမ်းဆီး ခဲ့တယ် လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
 
နိုင်ငံအလိုက် ဖမ်းဆီးခံရသူ တွေမှာ မြန်မာ (၄,၉၂၃ ဦး)၊ ကမ္ဘောဒီးယား (၅၀၆ ဦး)၊ လာအို (၅၀၇ ဦး) အပါအဝင် တခြားနိုင်ငံသားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
 
၎င်းတို့ကို တရားမဝင် နေထိုင်မှု နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊တရားမဝင် နိုင်ငံခြားသား များကို ပို့ဆောင် ကူညီမှု ပြည်ဝင်ခွင့်ပိတ်ပင်ထားမှုအလုပ်သမားရေးနှင့် ဆိုင်သောအမှု မူးယစ်ဆေးဝါးအမှု ၀ရမ်းအရ ဖမ်းဆီးမှု နဲ့ အခြားအမှုပေါင်း ၁၂,၈၃၃ မှု ဖြင့် တရားစွဲဆိုထားကာဖမ်းဆီးခံရမှု ထဲမှာ တရားမဝင် နေထိုင် မှု ဖြင်​့ တရားစွဲဆို ခံရတာ အများဆုံး ဖြစ်ပြီး အမှုပေါင်း ၆၅၀၀ကျော်ရှိ တယ်လို့ ဆိုပါတယ်။
 
အခု စစ်ဆင်ရေး မှာ နိုင်ငံတဝှမ်းရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တွေကို ပစ်မှတ်ထားတဲ့ နေရာ ၁၄၄ ခုကျော်ကို ရှာဖွေစစ်ဆေးခဲ့တယ်လို့သိရပါတယ်။
 
ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကလည်း ပြည်သူ တွေ ကိုတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ၊တရားမဝင်လုပ်ဆောင်မှု တွေ နဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ၂၄ နာရီပတ်လုံး ၁၉၁ ကို ဖြစ်စေ ၊ ၁၅၉၉ ဖုန်းနံပါတ် တွေ ကိုဖြစ်စေ သတင်းပေးပို့ဖို့ တိုက်တွန်းထားပါတယ်။
 
Ref-Matichon Online၊News 24,Police News Varieties

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026