NEWS

ထိုင်းမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးကြေး အဆမတန် ကောက်ခံမှုတွေကြောင့် ဆန္ဒပြတောင်းဆိုနေရ

CoverLogo
511 Views

ထိုင်းနိုင်ငံ စာမွတ်ဆာခရိုင် ကထ့ဘန်မြို့နယ်ရှိ သံစက်ရုံ တစ်ရုံ မှာ  အလုပ်သမားတွေကို ဗီဇာနှင့်ဝေါ့ပါမစ် သက်တမ်းတိုး အတွက် အလုပ်ရုံမှ ဘတ်၁၂၅၀၀ ကောက်ခံတာ ကြောင့် မကျေနပ်တဲ့ အလုပ်သမားတွေ က ဆန္ဒပြ တောင်းဆိုမှုကြောင့် ဘတ် ၈၀၀၀ ကို လျော့ချပေးခဲ့တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။

မြန်မာအလုပ်သမား ၇၀၀ ကျော် အလုပ်လုပ်ကိုင်နေတဲ့ ၎င်းသံစက်ရုံ မှာ ဗီဇာနဲဝေါ့ပါမစ် သက်တမ်းတိုးဖို့ အတွက် အလုပ်ရုံရှိ စာရေးမနဲ့ စကားပြန်ဆိုသူက အလုပ်သမားတစ်ဦး လျှင် ဘတ် ၁၂၅၀၀ကောက် ယူ တဲ့ အတွက် စက်ရုံ ရှိ  အလုပ်သမားတွေ မှာ   မကျေနပ်တာကြောင့် ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉နာရီ အချိန် လောက်မှာ အလုပ်သမား ၁၀၀ ကျော်က ဆန္ဒပြ စတင်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဗီဇာနဲ့ဝေါ့ပါမစ် သက်တမ်းတိုး ဖို့ အပြင် ပေါက်ဈေးမှာ ၈၅၀၀ ဘတ် ဝန်းကျင်တာ ရှိတဲ့ အတွက် အခုလို
ဈေးနူန်း မြင့် ပြီး  ကောက်ယူ တာကို မကျေနပ်တဲ့ အတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့တာ လို့ ဆိုပါတယ်။

ယခုရက်ပိုင်းမှာ ထိုင်းနိုင်ငံ အတွင်း ဗီဇာနှင့်ဝေါ့ပါမစ် သက်တမ်းတိုး အတွက် အလုပ်ရုံ အချို့ က ငွေကြေးကောက်ခံတာ များပြားတာကြောင့် စက်ရုံ အလုပ်ရုံ အချို့မှာ ဆန္ဒပြမှု တွေ မကြာခဏဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

အခုလို တောင်းဆိုတဲ့ အတွက်ဒီဇင်ဘာ ၆ရက်  မွန်းတည့် ၁၂နာရီ လောက် မှာ တစ်ဦး ကို ဘတ် ၈၀၀၀ဖြင့် ဆောင်ရွက် ပေးမယ်လို့အလုပ်ရုံ ဘက်မှ လျော့ချပေးခဲ့တယ်လို့ သိရပါတယ်။

""လုပ်သားတွေ အနေနဲ့ အကြမ်းမဖက်ဘဲ အလုပ်သမားအခွင့်အရေးကို ထိုင်းဥပဒေဘောင်ထဲကနေ စနစ်တကျတောင်းဆိုကြပါ တချို့ အလုပ်ရုံတွေက အပြင်က ထိုင်းမြန်မာပွဲစားတွေနဲ့ပေါင်းပြီး မြန်မာလုပ်သားတွေရဲ့ အပိုင်းကို တာဝန်ပေးထားသောစာရေးမ၊ ဝဏ္ဏတွေ ၊ မန်နေဂျာတွေကအလုပ်ရုံပိုင်ရှင်သဌေးတောင် မသိပဲတစ်ချို့ရုံတွေ မန်နေဂျာကြီးတောင် မသိကြပဲ ပွဲစားတွေနဲ့ပေါင်းစားပြီးလုပ်စားနေကြတာပါ။ဒါကြောင့် အလုပ်ရုံတာဝန်ရှိသူတွေကို ထိုင်းစကားနားလည်တက်ကျွမ်းသူတွေနဲ့ နားဝင်အောင်သေချာ အေးအေးဆေးဆေးရှင်းပြကြပါ အချက်အလက်တွေ နဲ့ပြောဆိုဆွေးနွေးကြပါ""လို့ MHACမဟာမိတ်အဖွဲ့ မှ အေအေစီ ကိုရဲမင်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ‌အလုပ်လုပ်ကိုင်‌‌ပြီးနိုင်ငံကူးလက်မှတ် (စာအုပ်အနီ) ကိုင်‌ဆောင်ထားသူ(သို့မဟုတ်) CI(စာအုပ်အစိမ်း)ကိုင်ဆောင်ထားသူတွေအနေနဲ့(၂)နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်ခွင့်ကိုလျှောက်ထားနိုင်မှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံဗန်ကောက်အခြေစိုက်မြန်မာသံရုံးကဒီဇင်ဘာလ(၆)ရက်မှာထုတ်ပြန်ထားပါတယ်။ 

#MyanmarLabourNews

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026