NEWS

ထိုင်းမှာမိသားစုလိုက် အသတ်ခံရပြီးနောက် မြန်မာအလုပ်သမားတွေ ပိုက်စိပ်တိုက်ဖမ်းဆီးခံနေရ

CoverLogo
890 Views

ထိုင်းနိုင်ငံအတွင်းမှာ  ခြံပိုင်ရှင်ထိုင်းမိသားစု၅ယောက်အသတ်ခံရမှု ဖြစ်ပွားပြီးနောက်  ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့  မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဆိုသလို ပိုက်စိပ်တိုက် ဖမ်းဆီးခံနေရတယ်လို့  ထိုင်းရောက်မြန်မာလုပ်သားများထံမှ  သိရပါတယ်။

“ဒီမိသားစုလိုက်အသတ်ခံရတဲ့အမှုကြောင့်  ခုနေ့တိုင်းလိုလိုဖမ်းဆီးခံနေရတယ်။ ကုန်းပေါ်ရောရေပြင်စက် လှေတွေရော အဖမ်းဆီးခံရတာတွေ ဆက်တိုက်ပဲဖြစ်နေတယ်။  အလုပ်သမားတွေအသွားအလာဆင်ခြင် ကြဖို့ပြောထားပေမဲ့လည်း  ပြည်တွင်းကနေတရားမ၀င် ၀င်လာတာတွေကို တားမရဘူးဖြစ်နေတယ်။ ဘယ်လိုပဲ၀င်လာ၀င်လာအကုန်လုံးကပိုက်စိပ်တိုက်ပြီးရှာဖွေနေတာဆိုတော့  ဖမ်းမိမှာပဲ”လို့  ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦး ကဆိုပါတယ်။  

ဖေဖော်ဝါရီလ ၁၂ရက်ကထိုင်းနိုင်ငံ ပလွှတ်ဒန်င်၊ မဟာချိုင်နဲ့ တာ့ခရိုင်အတွင်းက  စက်ရုံအလုပ်ရုံတွေထဲက  လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမားတွေကို ၀င်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး  အလုပ်သမားများစွာဖမ်းဆီးခံခဲ့ရသလို  နေအိမ်တွေအထိ၀င်ရောက်ရှာဖွေဖမ်းဆီးတာတွေကိုပါပြုလုပ်ခဲ့တာလို့ သိရပါတယ်။  

၂၀၂၃ ဖေဖော်ဝါရီလ ၁၄ ရက်ညနေပိုင်းက ထိုင်းနိုင်ငံရနောင်းခရိုင်မှာ ကော့သောင်းဘက်ကနေစက်လှေဖြင့်၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား၂၅ဦးကို မသင်္ကာ၍စစ်ဆေးရာမှဖမ်းဆီးခဲ့သလို  တာ့ခ်ခရိုင်နဲ့ ရနောင်းခရိုင်တွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ၂၇ ဉီးကို ဖမ်းဆီးမိခဲ့ပြီး အဲ့ဒီနေ့မှာပဲထိုင်းနိုင်ငံအတွင်းကို မြ၀တီကနေ  နယ်စပ်ဖြတ်ကျော်ပြီး၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား၁၉ဦးကိုလည်း အမှတ်(၃၅၀၁)ထိုင်းနိုင်ငံခြေမြန်တပ်ရင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထိုင်းန်ုင်ငံစမွတ်ပရာကန်ခရိုင်မှာ ဖေဖော်ဝါရီ၁၂ရက်က မြန်မာပွဲစားတစ်ဦးသတ်ခံရမှုဖြစ်စဉ် ကြောင့်  သံသယရှိမြန်မာအလုပ်သမား၄ဦးကိုလည်း ဖေဖော်ဝါရီ၁၅ရက်နေ့လည်က ဖမ်းဆီးခဲ့တယ်လို့လည်း ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက အဆိုပါထိုင်းနိုင်ငံသားမိသားစု တစ်ခုလုံး သတ်ဖြတ်ထွက်ပြေးမှုကျူးလွန်တယ်လို့ သံသယရှိတာကြောင့် ရှာဖွေမှုတွေပြုလုပ်ကာ  စစ်ဆေးဖမ်းဆီးတာတွေကို ပိုမိုတင်းကြပ်ဆောင်ရွက်နေသလို  မြန်မာနိုင်ငံတွင်းမှာလည်း နိုင်ငံရေးအခြေအနေတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပထွက်ဖို့ကြိုးစားနေကြသူတွေ များပြားလာပြီး  တရားဝင် သွားလာနိုင်ဖို့အတွက်လိုအပ်တဲ့ ပတ်စ်ပို့ပြုလုပ်ဖို့ ပိတ်ထားတာကြောင့် တရားမဝင် ဝင်ရောက်ရာမှ  ယခုလိုအလွယ်တကူဖမ်းဆီးခံရမှုတွေ ယခင်ကထက်ပိုမိုရှိနေရတာဖြစ် တယ်လို့ သိရပါတယ်။

အဆိုပါမိသားစု ၅ ဦးသေဆုံးသူများမှာ အသက် ၁၀၊ ၇ နှစ်နှင့် ၃ လသားအရွယ် ကလေးငယ် ၃ ဦးအပါအဝင် အသက် ၄၆ နှစ် အရွယ် ရှောင်းမန်ပါတနာခမ်ဆိုသူနဲ့  ၎င်းရဲ့ဇနီး အသက် ၃၄ နှစ်အရွယ် ဂျားဆမ်ဆိုးဝမ်း တို့ဖြစ်ကြပြီး ၎င်းတို့တောင်ယာသို့သွားပြီး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေတာကြောင့်  မိဘဆွေမျိုးများမှ လိုက်လံရှာဖွေရာ ဖေဖော်ဝါရီလ ၈ ရက်က  ၎င်းတို့၏ယာခင်းနှင့် မီတာ ၃၀၀ ခန့်အကွာ လျှိုတခုအတွင်းမှာ  အလောင်း များကို တွေ့ရှိခဲ့တာဖြစ်တယ်လို့  ထိုင်းသတင်းဌာနတွေရဲ့  ဖော်ပြချက်အရ သိရပါတယ်။

အသတ်ခံရသည့် မိသားစုမှာ ဂျင်းစိုက်ပျိုးရေးလုပ်ကိုင်ကြပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းထားတာကြောင့့်  ကျူးလွန်သူများဟာ ဂျင်းစိုက်ပျိုးခင်းများ၌ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများ ဖြစ်နိုင်တယ်လို့  သံသယရှိသလို အဆိုပါ မြန်မာအလုပ်သမားတွေဟာလည်း  ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026