NEWS

ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ

CoverLogo
229 Views
 
ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ် နတ်ရွာစံတာကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ယနေ့မှစ ရက် ၉၀ ထိ သတ်မှတ်နေထိုင်သွားဖို့ ပြည်သူများကိုထိုင်းအစိုးရကမေတ္တာရပ်ခံလိုက်ပါတယ်။
 
ပြည်သူများအနေနဲ့ အနက်ရောင် သို့မဟုတ် အရောင်ဖျော့သာ ဝတ်ဆင်ဖို့ နဲ့အစိုးရဝန်ထမ်းများကတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်စုံကို တနှစ်တာ ဝတ်ဆင်သွားဖို့ ထိုင်းအစိုးရက မေတ္တာရပ်ခံထားပြီး ထိုင်းနိုင်ငံအတွင်း ပျော်ပွဲရွှင်ပွဲများ ရှိုးပွဲများကို ရက် ၉၀ မလုပ်ဖို့လည်း မေတ္တာရပ်ခံထားတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံတာကို ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ အစိုးရရုံးတွေမှာ နိုင်ငံတော်အလံတဝက်ကို ရက် ၃၀ အတွင်း တဝက်လွှင့်တင်ဖို့ ထိုင်းအစိုးရက ကြေညာပါတယ်။
 
မယ်တော်ကြီးသီရိခေတ်ဟာ လက်ရှိ ထိုင်းနိုင်ငံရဲ့ ဘုရင် မဟာဝီရာလောင်ကွန်းရဲ့မယ်တော်လည်းဖြစ်သလို ၁၉၅၀ မှ ၂၀၁၆ အထိ ဘုရင်ဘူမိဘောရဲ့ကြင်ယာတော်မိဖုရားခေါင်လည်းဖြစ်ခဲ့ရာ အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်မှာနတ်ရွာစံသွားတာလည်းဖြစ်ပါတယ်။
 
မယ်တော်ကြီးသီရိခေတ်ရဲ့ ကွယ်လွန် နတ်ရွာစံရတဲ့အကြောင်းအရင်းကို အောက်တိုဘာ ၁၇ ရက်ကတည်းက သွေးတွင်း ကူးစက်ခြင်းတစ်မျိုးကြောင့် ဖျားနာမှု များဆက်တိုက်ကြုံရကာ ဆေးအဖွဲ့မှ အစွမ်းကုန်ကုသခဲ့‌ ပေမယ့်သက်တော် ၉၃ နှစ်မှာပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်‌ေကြာင်းထိုင်းတော်ဝင်ဘုရင်မိသားစုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
လက်ရှိထိုင်းဘုရင်က မယ်တော်ရဲ့ဈာပနအခမ်းအနားကို အမြင့်ဆုံးအဆင့်ဖြင့် ကျင်းပရန် မှာကြား ထားပြီး ရုပ်ကလာပ် တော်ဝင်နန်းတော်ရာ ဒူးဆစ်မဟာပရာဆတ် ပလ္လင်တော်ခန်းမတွင် ၁ နှစ်တိတိ ထားရှိကာ တော်ဝင်မိသားစုဝင်များသာ ဝမ်းနည်းအောက်မေ့ဖွယ်အဖြစ် လာရောက် ဂါရ၀ပြုခွင့်ပေးမည်ဟု ကြေညာထားပါတယ်။
 
လက်ရှိမှာ တော့ထိုင်းဘုရင့်မယ်တော်ကို အရိုအသေပေးဖို့အတွက် ထိုင်းပြည်သူတွေက အမဲရောင်ဝတ်ဆင်ပြီး ဘုရင့်နန်းတော်အနီးမှာဘုရင်မကြီးရဲ့ဓာတ်ပုံ ၊ ပိုစတာများကိုင်ဆောင်ကာ ဝမ်းနည်းမှုကိုပြသနေကြပါတယ်။

Related posts

Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025
Cover
ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ
Dec 22, 2025
Cover
မြန်မာအလုပ်သမား ၁၇ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခံရ
Dec 20, 2025
Cover
ဝန်ဆောင်ခ ပိုမိုကောက်ခံသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များအား တိုင်ကြားနိုင်ဟုဆို
Dec 20, 2025