NEWS

ထိုင်းနှင့် မလေးရှားသို့ တရားမဝင်သွားရောက်လုပ်ကိုင်မှု ပိုမိုများပြားလာ

CoverLogo
1.8K Views

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်လက်မဲ့များ တိုးပွားလာပြီး ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်အလုပ်သွားရောက် လုပ်ကိုင်မှုများပိုမိုများပြားလာကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီနှင့်ပွဲစားများထံမှ သိရပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်တွင်းအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကာ အလုပ်လက်မဲ့များ ဖြစ်ပေါ်လာကြောင်း၊ ၂၀၂၁ ဖေဖော်ဝါရီလတွင်လည်း စစ်တပ်က တရားမဝင်အာဏာသိမ်း၍ ပြည်ပရင်းနှီးမြုပ်နှံမှုအချို့ ပြန်လည်ထွက်ခွာသွားခြင်း၊ စစ်ပွဲများ ပိုမိုများပြားလာခြင်းနှင့်အတူ မလုံခြုံမှုများကြောင့် လူငယ် လူရွယ်များ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင် ပိုမိုသွားရောက်လာခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်နေသော ပွဲစားတစ်ဦးက Myanmar Labour News ကိုပြောပါတယ်။

“ဒီမှာက ဘာမှလုပ်လို့ ကိုင်လို့ မဖြစ်တော့ဘူးလေ။ လက်ရှိလုပ်နေရတဲ့ သူတွေကလည်း စားဖို့ သောက်ဖို့တောင် အနိုင်နိုင်လုပ်နေရတာ။ လစာတွေကလည်း နည်းတယ်။ အညာဘက်ကလူတွေ ပိုသွားကြတယ်။ အဲ့မှာက မလုံခြုံကြတော့ တချို့ဆို ငွေချေးပြီးတော့ သွားကြတယ်။ တချို့ကတော့ ရှိတာ ရောင်းချပြီး သွားကြတာပဲ။ ဒီမှာက ဘာမှအဆင်မပြေကြဘူး။ အခုတောင် သွားချင်တဲ့ သူတွေ အများကြီး။ တန်းစီစောင့်နေကြတာပဲ” ဟု ၎င်းက ဆက်လက်ပြောပါတယ်။


“ကျွန်တော်ကတော့ အခုထိုင်းကိုအောက်လမ်းက သွားမှာပါ။ မြိတ်ဘက်နေသွားမှာ။ သူငယ်ချင်းတွေလည်း ဟိုမှာ ရောက်နေကြပြီ။ ကျွန်တော်ပဲ ကျန်တော့တယ်။ ဒီမှာက အလုပ်လည်း မရှိဘူး။ စစ်တပ်ကလည်း လူငယ်တွေဆိုရင် ဖမ်းချင်နေကြတာ။ ကျွန်တော်တို့ နယ်ဘက်မှာ ကျွန်တော်အပါအဝင်  လူငယ်နည်းနည်းပဲ ရှိတော့တယ်။ ဒီမှာက ဘာမှ လုပ်မရတော့တာ။ သွားဖို့ပဲ ရှိတာပေါ့”ဟု ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်လုပ်ကိုင်ရန်ပြင်ဆင်နေသော မကွေးတိုင်းမှ အသက် (၂၂)နှစ်အရွယ် ကိုလွင်မောင်က ပြောပါတယ်။


ထိုင်နိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်လုပ်ကိုင်ရန် ကြိုးစားမှုကြောင့် မြန်မာနိုင်ငံမှ ရာနှင့်ချီသော တရားမဝင်ရွေ့ပြောင်းအလုပ်သမားများသည် မကြာခဏ ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံနေရတာလည်း ဖြစ်ပါတယ်။


ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးလာမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုသည် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့များ ပိုမိုတိုးလာပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလုပ်အကိုင် ၁.၆ သန်းဆုံးရှုံးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာရုံး (အိုင်အယ်လ်အို)၏ ထုတ်ပြန်ချက်အရ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026