NEWS

ထိုင်းနိုင်ငံ Cal-Comp Electronics စက်ရုံမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ MoUလုပ်သား ၁၀၀၀ ကျော် အလုပ်ထုတ်ခံရ

CoverLogo
1.5K Views

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ Cal-Comp Electronics စက်ရုံ၌ MoUစနစ်ဖြင့်ရောက်ရှိ  အလုပ်လုပ်ကိုင် နေကြတဲ့  မြန်မာအလုပ်သမား၁၀၀၀ကျော်ကို မတ် ၃၀ ရက်ညနေပိုင်းက အလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

“ကျွန်မတို့စက်ရုံပါ တက်လာတာ၄လပဲရှိသေးတယ်။ ကုန်ကျစရိတ်တောင်မကျေသေးပါဘူး။ အလုပ်ကနေ ထုတ်ခံလိုက်ရတယ်။  လက်ရှိအလုပ်လက်မဲ့ပါ။ အေဂျင်စီကလည်းလုံးဝဖြေရှင်းမပေးပါဘူး”လို့ အလုပ်သမားတစ်ဦးကဆိုထားပါတယ်။

အဲ့ဒီလိုအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေဟာ မြန်မာ MoU အလုပ်သမားများဖြစ်ပြီး  စက်ရုံပိုင်ရှင်ကအလုပ်ချိန်ကို  အလုပ်ဆိုင်း ၃ ဆိုင်းခွဲခြားစေခိုင်းတာကိုလက်မခံဘဲ  အလုပ်ချိန်ကို အလုပ်ဆိုင်း ၂ ဆိုင်းဖြင့်သာဆင်းရန် စက်ရုံပိုင်ရှင်နှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာမှ ပြေလည်မှုမရရှိခဲ့ဘဲ  မြန်မာအလုပ်သမား ၁၀၆၀ဦးတိတိ အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်တယ်လို့  အလုပ်သမားများထံမှ သိရပါတယ်။

“စက်ရုံကအလုပ်ရှိတယ်။ အချိန်ပိုကြေးပေးရမှာကြောက်လို့ ၂၄နာရီကို အဆိုင်းသုံးဆိုင်းနဲ့ပတ်လည်ရိုက်ချင်တာ။ အလုပ်ကရှိတယ်။ အဆိုင်းသုံးဆိုင်းနဲ့စက်ရုံပြဿနာဖြစ်ရင် တာ၀န်ယူတာလဲမဟုတ်ဘူး။ ခုလည်းအလုပ်သမားတွေကိုသက်သက်ညစ်ပြီး အလုပ်ဖြုတ်လိုက်တာပါ”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အဲ့ဒီလိုမြန်မာ MoU အလုပ်သမားများ အလုပ်ထုတ်လိုက်တာနဲ့ပတ်သက်ပြီး  စက်ရုံဘက်ကအလုပ်ထုတ်ခြင်းမဟုတ်ဘဲ လူ လျှော့ချခြင်းသာဖြစ်သလို အော်ဒါနည်းနေချိန်ဖြစ်လို့ ယခင်အဆိုင်း၂ဆိုင်းကနေ အဆိုင်း၃ဆိုင်းသို့ပြောင်းလဲဆင်းခိုင်းပြီး အဆင်မပြေမှုဖြစ်တာကြောင့်  အဆိုင်း၃ဆိုင်းဆင်းရခြင်းနဲ့ လူလျှော့ရခြင်းကို မဲပေးစနစ်ဖြင့်ပြုလုပ်ခဲ့ပြီး မဲစနစ်အရ လူ လျှော့ခဲ့တာဖြစ်တယ်လို့  အဆိုပါစက်ရုံမှမန်နေဂျာဖြစ်သူ မြန်မာလုပ်သားတစ်ဦးက ဆိုထားပါတယ်။

MoU စာချုပ်အရ အလုပ်ရှင်မှ ငှားရမ်းရန်သ ဘောတူညီပြီး အလုပ်သမားသည် အလုပ်ရှင်ထံတွင်ထုတ်လုပ်ရေးအော်ပရေတာရာထူး နေ့စားနှုန်းဖြင့် ၂ နှစ်အလုပ်လုပ်ရန်သဘောတူကာ အဲ့ဒီစက်ရုံမှ အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေကို  အလုပ်ထုတ်နစ်နာကြေးများပေးတယ်ဆိုပေမဲ့ စက်ရုံမှနစ်နာကြေးပေးရာမှာ  ထိုင်းအလုပ်သမား ဥပဒေအရ လုပ်သက်အလိုက် ပေးချေခဲ့သော်လည်း လုပ်သက်နည်းနေသေးတဲ့အလုပ်သမားများမှာနစ်နာမှုများစွာရှိနေတယ်လို့လည်းသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026