NEWS

ထိုင်းနိုင်ငံ သို့  တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့  ကလေးငယ်အပါအဝင် မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ

CoverLogo
479 Views

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာ စစ်ဆေးရေးဂိတ်နား မှာ တရားမဝင် နယ်စပ် ဖြတ်ကျော်လာတဲ့ ကလေးငယ် အပါအဝင် မြန်မာအလုပ်သမား ၃၀ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

မေလ ၂၆ရက် နံနက် ၆နာရီ၁၅မိနစ် ခန့်မှာ ကုန်တင်ကား တစ်စီး အတွင်း လိုက်ပါလာတဲ့ မြန်မာအလုပ် သမား အမျိုးသား ၁၈ဦးနှင့်အမျိုးသမီး၉ဦး ကလေးငယ် အမျိုးသား ၃ဦး နှင့်အတူ ခေါ်ဆောင်လာသူ၂ဦး တို့ကို ထိုင်းနိုင်ငံ ဒေသခံအာဏာပိုင်အဖွဲ့များ ပူးပေါင်း စစ်ဆေး ဖမ်းဆီး ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး  မွန်ပြည်နယ် ၊ကရင်ပြည်နယ်တို့မှလာ ​ရောက်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ အခြားမြို့တို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အတွက်   ဖြစ်တယ်လို့ သိရပါတယ်။

အခုလို လာရောက် ဖို့  အတွက် ပွဲစားခ အဖြစ် တဦးလျှင် ဘတ် ၁၅၀၀၀မှ ၂၀၀၀၀ ထိ ပေးရမှာ ဖြစ်ကာ  တချို့တစ်ဝက် ပေးချေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဖမ်းဆီးရမိသူတွေ  ကို  တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ထိုင်းဘက်မှ  စံခလဘူရီ ရဲစခန်းကို  ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026