NEWS

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၃ ဦး အဖမ်းခံရ

CoverLogo
468 Views

ထိုင်းနိုင်ငံ ရနောင်းခရိုင် စွတ်စန်လာရ်မြို့ကမ်ဖဝမ့်‌ ရွာ ရပ်ကွက် ၁ အတွင်း ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၃ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 


ဒေသခံတွေရဲ့ သတင်းပေးချက်အရ ရနောင်းအခြေစိုက်ခြေမြန်တပ်မ တပ်မဟာ ၂၅ နဲ့ စွတ်စန်လာရ်ရဲစခန်းတာဝန်ရှိသူများပူးပေါင်းမှုဖြင့် စက်တင်ဘာ ၈ ရက်က ရှာဖွေဖမ်းဆီးစစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 


ထိုင်းအာဏာပိုင်တွေစစ်ဆေး ရာ မှာ ၂၉ နှစ်အရွယ်ရှိထိုင်းနိုင်ငံသား ယာဉ်မောင်း မောင်းတဲ့  တိုယိုတာကားအညိုရောင်အတွင်းမှ အထောက်ထားမဲ့မြန်မာအလုပ်သမား ၆ ယောက်နှင့် ထိုင်းနိုင်ငံသား ၄၃ နှစ်အရွယ်ယာဉ်မောင်းသမား မောင်းနှင်တဲ့ တိုယိုတာအမဲရောင်ကားအတွင်းမှအထောက်အထားမဲ့မြန်မာအလုပ်သမား၇ယောက် တို့ကိုတွေ့ရှိခဲ့သဖြင့် မြန်မာအလုပ်သမား၁၃ဦးနဲ့ယာဉ်မောင်းနှစ်ဦးတို့ ဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ 


"ကိုယ့်နိုင်ငံ အတွင်းမှာ ရှာဖွေစားသောက်ရတာ အရမ်းခက်လာလို့သာဒီဘက်ကို တရားမဝင် လာနေရတာအခုလို လမ်းမှာ လာရင်း အဖမ်းခံရနိုင်သလို ဒီမှာ အလုပ်လုပ်နေရင်း အထောက်အထားမစုံလို့ အဖမ်းမခံရအောင်လည်း သတိထားနေရတာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ဘဝ က မလွယ်ကူလှဘူး အခုဆို မြန်မာတွေ အဖမ်းခံရတဲ့ သတင်းက နေ့တိုင်းလိုလိုကြားနေရတော့  ကိုယ်တွေလည်း မနေချင်တော့ဘူး ကိုယ့်နိုင်ငံ အမြန်ဆုံး အေးချမ်းပါစေပဲဆုတောင်းနေရတယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 


ယခု အဖမ်းခံရတဲ့ မြန်မာအလုပ်သမား၁၃ဦးကို  တရားဥပဒေအရအပြစ်ပေးအရေးယူရန် စွတ်စန်လာရ်ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026