NEWS

ထိုင်းနိုင်ငံ ဖူးခက်တွင် မြေပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၃ ဦး သေဆုံး

CoverLogo
452 Views

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပေါ်ခဲ့ကာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးအပါအဝင် လူ၈ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။

မြေပြိုကျမှု တွင် မြန်မာရွှေ့ပြောင်းလုပ်သား  ၃ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့  ရုရှားနိုင်ငံသား ၂ ဦးသေဆုံးခဲ့ ပြီး ပျောက်ဆုံးသူတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

ဖူးခက်ဒေသအတွင်း ဩဂုတ်လ ၂၂ရက်ညကစပြီး မိုးသည်းထန်စွာရွာခဲ့ရာ ဩဂုတ်လ ၂၃ရက် အထိ ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ကာ စုစုပေါင်း မိုးရေချိန် မီလီမီတာ ၂၀၀ခန့်(၈လက်မခန့်)ရှိခဲ့တယ်လို့ သိရပါတယ်။

မြေပြိုမှုကြောင့် နေအိမ်များလည်း ပျက်စီးခဲ့ကာ နေအိမ်အတွင်း  ပိတ်မိနေသူတွေလည်း ရှိတဲ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်း တွေ ဆက်တိုက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးသူနေသူတွေကို ဆက်လက်ရှာဖွေလျက်ရှိပြီး ပျောက်ဆုံးသူတွေထဲ တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ လည်း ရှိနေသေးတယ်လို့သိရပါတယ်။

photo- social media


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026