NEWS

ထိုင်းနိုင်ငံ ပါကေးပြားစက်ရုံ မှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော် နစ်နာကြေး မပေးဘဲ အလုပ်ဖြုတ်ခံရ

CoverLogo
619 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီမြို့ Won Sinh Technology ( Thailand ) ပါကေးပြား စက်ရုံ မှ လုပ်ငန်းရှင် မှ စက်ရုံ အတွင်း လုပ်သားဦးရေ များနေလို့ဆိုကာ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်လိုက်တယ်လို့ မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF-Myanmar မှ သိရပါတယ်။
အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀ ကျော်မှာ ၎င်း စက်ရုံတွင် လုပ်သက် ၆လ အထက် နှင့် တစ်နှစ် ရှိသူတွေ ဖြစ်ကာ MOU ၊CI စတဲ့ အထောက်အထားအပြည့်စုံနဲ့ လုပ်ကိုင်နေတဲ့ လုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
"စက်ရုံ ဘက်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၀ ကျော်ကိုမတ် ၁၈ ရက် မနက်ပိုင်း တွင် အလုပ်ထွက်စာ ကို အတင်းအကြပ် လက်မှတ်ထိုးခိုင်းပြီး HR က မန်နေဂျာ က နစ်နာကြေး မပေးဘဲ အလုပ်သမားအပေါ် တာဝန်ယူမှု မရှိတဲ့အပြင် ခြိမ်းခြောက်မှုများ ပြုလုပ်နေတယ်" လို့ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားက ပြောပြလာပါတယ်။
""စကားပြန်ကို မေးတော့ အလုပ်ထဲမှာ အပြစ်မရှိဘူး လူများလို့လူ လျှော့တဲ့ အထဲ ပါသွားတယ်လို့ ပြောတယ် အလုပ်ထွက်စာမှာလဲ လက်မှတ် ဇွတ် ထိုးခိုင်းပါတယ် ညီမက ထိုင်းစာတွေ နားမလည်လို့ မထိုးဘဲမေးကြည့်အုံးမယ် မထိုးသေးဘူးပြောခဲ့ပါတယ် ညီမတို့အလုပ်သမားတွေရဲ့ နှစ်နာမှု အတွက် ဘယ်လိုများ တာဝန် ယူပေးမလဲမေးတော့ အရှေ့HR က မန်နေဂျာအမကို ပြန်မေးပေးတော့ မန်နေဂျာက သူတို့တာဝန် မယူနိုင်ဘူး တိုင်ချင်လဲ တိုင်လို့ပြောပါတယ်”လို့ အလုပ်ထုတ်ခံရသူ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
၎င်းစက်ရုံ ထဲ တွင် စက်ရုံပေါင်း ၆ ရုံ ရှိပြီး အလုပ်သမားဦးရေ ၉၀၀ကျော် ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ယခုကဲ့သို့ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့ အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့စည်းတွေထံ အကူညီတောင်း တိုင်ကြားထားတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026