NEWS

ထိုင်းနိုင်ငံအတွင်း အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက မြန်မာအလုပ်သမားသံအရာရှိရုံးကို လည်း တိုင်ကြားနိုင်တယ်လို့ သံအရာရှိရုံးအသိပေး

CoverLogo
346 Views
ထိုင်းနိုင်ငံ မှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက မြန်မာအလုပ်သမား သံအရာရှိရုံး ကို တိုင်ကြားနိုင်တယ်လို့ ၎င်းရုံးမှ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ချွန်ပူရီခရိုင်ရှိ King Clean (Electric) Co.,Ltd စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများ လုပ်ခလစာမရရှိမှု၊ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုနဲ့ ပက်သက်ပြီး အလုပ်သမားသံအရာရှိရုံးထံ သတင်းပေးတိုင်ကြားလာလို့ ဖြေရှင်းပေးနေတယ်လို့ လည်း ဆိုပါတယ်။
 
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေ နဲ့ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါက အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးတိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံ သို့ မြန်မာရွှေ့ပြောင်း လုပ်သား တွေ လာရောက် အလုပ်လုပ်ကိုင်တာ ပိုများလာသလို ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်တွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပေါ် လုပ်ခလစာ မပေးခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း၊အထောက်အထားစာရွက်စာတမ်းများ သိမ်းထားကာ ငွေတောင်းယူခြင်း အစရှိတဲ့ အလုပ်သမားအခွင့်ရေး ချိုးဖောက်တာတွေ လုပ်ဆောင်လာတာ များပါတယ်။
 
အခုလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရ ပါကလည်း မြန်မာသံရုံး ကို အသိပေး တိုင်ကြားတာထက် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့စည်းတွေ နဲ့ NUG အလုပ်သမားဝန်ကြီးဌာန ထံ အကူညီတောင်း တိုင်ကြားတာတွေသာ အများဆုံးတွေ့ရပါတယ်။
 
""တကယ်တိုင်ရင် ဖုန်းမကိုင်တော့ဘူး အလုပ်သမား သံရုံးဆိုတာက အလုပ်သမားတွေ အတွက် အားကိုးရမယ့် နေရာတစ်ခု ဖြစ်ရမှာ အခုက အလုပ်သမားတွေ ဆီကနေ နည်းအမျိုးမျိုးနဲ့ တောင်းနေတာ ထောက်ခံစာယူရင်တောင် ငွေပေးမှရတာ ဒီလိုတွေ ဖြစ်နေတော့ ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့က မဖြစ်မနေသံရုံးကိုသွားရတာကလွဲရင် အခြားဘာကိစ္စပဲ ဖြစ်ဖြစ် ပြင်ပက လူမှုအဖွဲ့အစည်းတွေကိုပဲ အကူညီတောင်းကြတာများတယ်""လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားတဲ့တိုင်ကြားနိုင်မယ် ဖုန်းနံပတ်များ ကတော့ အလုပ်သမားသံအရာရှိရုံး (Call Center) 020030015၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454၊အလုပ်သမားသံအရာရှိ(ဗန်ကောက်) 0652206952၊အလုပ်သမားသံအရာရှိ(မဲဆောက်) 0652206953၊အလုပ်သမားသံအရာရှိ(ချင်းမိုင်) 0945866607၊အလုပ်သမားသံအရာရှိ(ရနောင်း) 0634818121 တို့ဖြစ်ကြောင်း အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026