NEWS

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကျော် အဖမ်းခံရ

CoverLogo
283 Views
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ကာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
နိုဝင်ဘာ ၃ ရက် က ထိုင်းနိုင်ငံ ချိုင်းနတ်ခရိုင် တွင် အယုဒ္ဓယရှိ ဆောက်လုပ်ရေး လုပ်ငန်း ခွင် မှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်တဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၇ ဦး ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ ကြောင်း သတင်းတွေမှာဖေါ်ပြထားပါတယ်။
 
မြန်မာလုပ်သား၇ဦး စီးလာတဲ့ ယာဉ်ဟာ လမ်းအကွေ့မှာ လမ်းချော်ပြီး မြောင်းထဲ ထိုးကျမှု ဖြစ်ပွားခဲ့ ပြီးနောက် ယာဉ်မောင်းသူ မြန်မာနိုင်ငံသားနဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၇ ဦးတို့ ကို အာဏာပိုင်တွေက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
 
ဒါ့အပြင် နိုဝင်ဘာ ၄ ရက် မှာလည်း ကန်ချနဘူရီ ခရိုင် အတွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၂၅ဦး ကို တင်ဆောင်လာတဲ့ ယာဉ် ကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၈ဦးနဲ့အမျိုးသမီး ၇ဦးတို့ဟာနခွန်ပထုန်နဲ့ စမွတ်စခွန် ပြည်နယ်တွေမှာ အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး လာရောက်ခြင်းဖြစ်ကာ ပွဲစား ဆိုသူကို တစ်ဦး လျှင် ထိုင်းဘတ်ငွေ ၂၅၀၀၀ ပေးခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရသူတွေကို ဥပဒေအရ အရေးယူပြီးပါက မြန်မာ နိုင်ငံသို့ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
 
နိုဝင်ဘာ ၃ ရက် နေ့က လည်း ထိုင်း နိုင်ငံ ချွှန်ပွန်ခရိုင်ရှိ အဝေးပြေးလမ်း တွင် ထိုင်းနိုင်ငံအတွင်း အဖမ်းခံရပြီး နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၆ဦးဟာ မလေးရှားသို့ သွားရောက်ရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက် တာကြောင့် ထပ်မံအဖမ်းခံရကြောင်းသိရပါတယ်။
 
ပြီးခဲ့တဲ့အောက်တိုဘာလ ကလည်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀၀ ခန့် ရှိကြောင်း
ထိုင်းသတင်း ဌာနတွေေဖာ်ပြချက်အရ သိရပါတယ်။
 
Ref-Khaosod News၊ Matichon Online News

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026