NEWS

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တဲ့ မြန်မာ ၉ ဦး မူးယစ်ဆေးနှင့်အတူ အဖမ်းခံရ

CoverLogo
581 Views

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် phoo phra မြို့နယ် အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၉ဦး ကို မူးယစ်ဆေးနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်း မှာ ဖေါ်ပြထားပါတယ်။ 

 

နိုဝင်ဘာ ၂၀ရက် မနက် ၄နာရီ လောက်က ဖမ်းမိခဲ့တာ ဖြစ်ကာ အမျိုးသား၂ဦး အမျိုးသမီး ၅ဦးနဲ့ ကလေးငယ် ၂ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ 

 

ဖမ်းမိသူတွေ ထဲ က အမျိုးသားတစ်ဦး ထံ မှ စိတ်ကြွဆေးပြား ၁၄ပြား ကို လက်ဝယ်တွေ့ရှိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

 

လတ်တလောမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၉ဦး ကို တရားမဝင် ဝင်ရောက်မှု မူးယစ်ဆေးတွေ့ရှိမှု စတဲ့ အမှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ 

 

နိုဝင်ဘာ၂၀ရက် မနက်ပိုင်းကလည်း ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင် မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၇ဦး စီးနင်းလာတဲ့ ယာဉ်ဟာ ထိုင်းစစ်ဆေးရေးဂိတ်ကို မရပ်ဘဲ မောင်းပြေးရာကနေ အရှိန်လွန်ပြီး လမ်းဘေးမီးတိုင်ကိုဝင်တိုက် ပြီး ရေမြောင်းအတွင်း ပြုတ်ကျတဲ့ အတွက် ယာဉ်ပေါ်ပါလာတဲ့ မြန်မာအလုပ်သမား ၇ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။ 

 

Ref: Khasod English 

 

Application - https://bit.ly/3oNDLga

Website Link - https://www.myanmarlabournews.com

Telegram Link - https://t.me/myanmarlabournews 

 

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026