NEWS

ထိုင်းနိုင်ငံအတွင်းမှာ တစ်နှစ်အတွင်း ရွှေ့ပြောင်းလုပ်သားသုံးထောင်ကျော်ဖမ်းမိခဲ့ရာမြန်မာလုပ်သားနှစ်ထောင်ခန့်ပါ၀င်

CoverLogo
466 Views

ထိုင်းနိုင်ငံအတွင်းမှာ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ တရားမ၀င်ရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမားများကို ထိုင်းအစိုးရက လိုက်လံစစ်ဆေးဖမ်းဆီးခဲ့ရာ ရွှေ့ပြောင်းအလုပ်သမားသုံးထောင်ကျော်ဖမ်းဆီးရမိခဲ့ပြီး မြန်မာအလုပ်သမားက နှစ်ထောင်ခန့်အထိပါ၀င်တယ်လို့ အဲ့ဒီနိုင်ငံရောက်မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်ပေးသူများထံမှ သိရပါတယ်။ 


“ထိုင်းအခြေစိုက်သတင်းတွေအရတော့  တစ်နှစ်အတွင်းကိုရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမား သုံးထောင့်လေးရာကျော်ဖမ်းဆီးရမိတယ်။ အဲ့ဒီအထဲမှာမြန်မာကနှစ်ထောင်လောက်ပါတယ်။ အများဆုံးပဲပေါ့။  ဖမ်းဆီးခံရတာတွေက ထိုင်းအစိုးရက နိုင်ငံခြားသားအလုပ်သမားတွေမလုပ်ဖို့ တားမြစ်ထားတဲ့လုပ်ငန်းအမျိုးအစား၄၀ရှိတယ်။  အဲ့ဒီတားမြစ်လုပ်ငန်းတွေမှာ၀င်ရောက်လုပ်ကိုင် နေကြတာတွေကြောင့် ဖမ်းခံရတာ အများဆုံးပါတယ်။ ”လို့ဆိုပါတယ်။ 


ထိုင်းအစိုးရအဖွဲ့က  တရားမ၀င်နိုင်ငံခြားသား၀င်ရောက်လုပ်ကိုင်နေထိုင်မှုကို ရှောင်တခင်၀င်ရောက်စစ်ဆေးဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကစတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်စက်တင်ဘာ၂၅ရက်နေ့အထိ ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့ရာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကနေ ယခုနှစ်စက်တင်ဘာ၂၅ရက်နေ့အထိတစ်နှစ်အတွင်း ရွှေ့ပြောင်းလုပ်သားဦးရေ ၃၄၆၄ဦးဟာ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေတာကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီအထဲမှာ   ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ၁၈၅၀ဦးပါ၀င်ကာ ကမ္ဘောဒီးယားနိုင်ငံလုပ်သား ၆၃၆ဦး လာအိုနိုင်ငံလုပ်သား ၅၁၆ဦးနဲ့ ဗီယက်နမ်နိုင်ငံက ၁၄၅ဦးနဲ့အခြားနိုင်ငံတွေကလည်း ပါ၀င်တယ်လို့ သိရပါတယ်။ 


အဆိုပါဖမ်းဆီးစစ်ဆေးမှုတွေကို  ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င်နိုင်ငံခြားသားတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်ပေါင်းငါးသောင်းကျော်ကို ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာလုပ်သားတွေကို ဘန်ကောက်၊ ချင်းမိုင်၊ ချွန်ဘူရီ နခွန်ပသွန်စတဲ့နေရာတွေကနေ အများဆုံးဖမ်းဆီးခဲ့ရမိခဲ့တာလို့ သိရပါတယ်။ 


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရားမဝင်လာရောက်တဲ့မြန်မာအလုပ်သမား၁၉ ဦးကို ရနောင်းမြို့အနီး ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်၊ အမှတ် ၆၊ ကျောလောပေါကျေး ရွာအနီးမှာ ထိုင်းစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့  သိရပါတယ်။ 


ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ (Department of employment)ရဲ့ ၂၀၂၃ ခုနှစ် နောက်ဆုံးကောက်ခံထားတဲ့ စာရင်းအရ တရားဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅၄၃၃၅၅ ရှိဦးပြီး အထောက်အထားမဲ့ မြန်မာအလုပ်သမားဦးရေဟာ တရားဝင်စာရင်းထက်နှစ်ဆပိုများနိုင်တယ်လို့ အဲ့ဒီနိုင်ငံအခြေစိုက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်သူများထံမှ  သိရပါတယ်။ 
#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026