NEWS

ထိုင်းနိုင်ငံသို တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၃၉ ဦး ထပ်မံအဖမ်းခံရ

CoverLogo
460 Views

ထိုင်းနိုင်ငံ အတွင်းကို နယ်စပ်ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၉ ဦး အဖမ်းခံရတယ်လို ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

ဖေဖေါ်ဝါရီ ၅ရက် နေ့မှာ အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ က အဝေးပြေးလမ်းမကြီးပေါ် တွင် ဘန်ကောက်ကို သွားရောက်မယ့် မြန်မာအလုပ်သမား ၃၁ဦး ကိုသယ်ဆောင်လာတဲ့ ကား၂စီးကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို သတင်းမှာဖေါ်ပြထားပါတယ်။ 

မြန်မာအလုပ်သမား တွေ ကို ကားနှစ်စီးပေါ်မှာ ကျပ်သိပ်စွာတင်ဆောင်လာပြီး ပွဲစား ကို ကားခအဖြစ် တစ်ဦး ကို ဘတ် ၈၀၀၀ မှ၁၀၀၀၀ထိ ပေးလာရတယ်လို မြန်မာအလုပ်သမားတွေ က ထွက်ဆိုထားပါတယ်။ 

ဒါ့အပြင် ဖေဖေါ်ဝါရီ ၆ ရက် မနက် ၁နာရီ ခန့်  မှာလည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို တောင်ကြား လမ်း ရှိ စစ်ဆေးရေး ဂိတ်မှာ ပြောင်းဖူးစေ့ များတင်ဆောင်လာတဲ့ ကားပေါ် ခိုးဝှက် လိုက်ပါလာတဲ့ မြန်မာအလုပ်သမားအမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ဦး စုစုပေါင်း ၈ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ် လို ထိုင်းသတင်းတွေ မှာဖေါ်ပြထားပါတယ်။ 

၂၀၂၅ ခုနှစ် နှစ်ပိုင်းကစပြီး ထိုင်း-မြန်မာ နယ်စပ်မှာ ကျားဖြန်နှိမ်နှင်းရေး အတွက် စစ်ဆေးရေး တွေ အလွန် တင်းကြပ်နေချိန်တွင် ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာအလုပ်သမား တွေ အဖမ်းခံရတာလည်း ဇန်နဝါရီ ၂၉ရက်မှ ဖေဖေါ်ဝါရီ ၆ရ က် အထိ နှစ်ပတ် အတွင်း အယောက် ၄၀၀ ခန့် ဖမ်းဆီးခံထားရပါတယ်။ 

 ယခု ကာလ အတွင်း အဖမ်းဆီးတွေ များတာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်း နိုင်ငံ အတွင်းကို နယ်စပ် ဖြတ်ကျော် ကာ တရားမဝင် လာရောက်တာ မျိုး မပြုလုပ်သေးဖို ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီသူတွေက သတိပေးပြောကြားထားပါတယ်။ 

Ref:Khasod


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026