NEWS

ထိုင်းနိုင်ငံသို့ဝင်ရန် ကွန်တိန်နာကားအောက်ပုန်းအောင်းလိုက်လာတဲ့  မြန်မာ ၈ ဦး အဖမ်းခံရ

CoverLogo
591 Views

ထိုင်းနိုင်ငံ အတွင်းဝင်ရောက်ဖို့ အတွက်  ကွန်တိန်နာ ကား အောက်ကနေ ပုန်းအောင်းလိုက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦး ကို ဖမ်းမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး က ထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာ ၁၆ရက် ညနေ ၃နာရီ ခန့်မှာ တာ့ခရိုင် လဝကမှူးရဲမှူးကြီး နဲ့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ ရဲတပ်ဖွဲ့ ဝင်များဟာ ယာဉ်စစ်ဆေးရေး လုပ်ငန်း ကို လုပ်ကိုင် နေစဉ် မဲဆောက်-မြဝတီ အမှတ်၂ ချစ်ကြည်ရေး တံတား ရှိ စစ်ဆေးရေး ဂိတ်မှာ အဖမ်းခံရတာ ဖြစ်တယ်လို့ဆိုပါတယ်။ 

၎င်း မြန်မာနိုင်ငံသား ၈ဦး ဟာ ကွန်တိန်နာ ကား ရဲ့ အောက်ဘက် လွတ်တဲ့နေရာ မှာ အိပ်ပြီး လိုက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို တရားမဝင် ပုန်းအောင် ဝင်ရောက်လာတဲ့ အတွက် မြန်မာနိုင်ငံသား ၈ ဦး ကို ထိုင်းဥပဒေအရ အရေးယူသွားမယ်လို့ တာခ့်ခရိုင်လူဝင်မှုကြီး ကြပ်ရေး က ထုတ်ပြန်ထားပါတယ်။ 

ယခု လ အတွင်း  ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်တွေ မှာ တရားမဝင် နိုင်ငံခြားသားတွေကို စစ်ဆေးမှုတွေ တင်းကြပ်လျက်ရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနိုင်ငံကို ပြန်လာ ဖို့ အတွက် ဘတ်စ်ကားစီးလာတဲ့ မြန်မာနိုင်ငံသား ၇ ဦးဟာ စန်ခရာဘူရီ ဒေသရှိစစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026