NEWS

ထိုင်းနိုင်ငံရှိ အခြေခံလုပ်အားခများတိုးမြှင့်ပေးမှသာ မြန်မာလုပ်သားများပါ၀င်ခံစားနိုင်မည်

CoverLogo
2.1K Views

ထိုင်းနိုင်ငံမှာ ကျွမ်းကျင်လုပ်သားတွေကို လုပ်ခတိုးမြှင့်ထားမှုမှာ  မြန်မာလုပ်သားတွေမပါဝင်သေးပေမဲ့ အခြေခံလုပ်အားခ တွေတိုးမြှင့်ပေးရာမှာ မြန်မာအလုပ်သမား တွေပါ ပါဝင်ခံစားနိုင်မယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရပါတယ်။

'' ယနေ့အထိတော့ တိုးပေးတာမရှိသေးဘူး။   ပြီးခဲ့တဲ့၅လပိုင်း၁ရက်နေ့က စပြီးသက်၀င်ကျင့်သုံးမယ်ဆိုပြီးထုတ်ပြန်ချက်အရတော့ ကျွမ်းကျင်လုပ်သားကို ရာခိုင်နှုန်းများများစားစားကို တိုးပေးတယ်။ အဲ့မှာအခြေခံလက်လုပ်လက်စားနဲ့အောက်ခြေ၀န်ထမ်းတွေတော့ပါမလာခဲ့ဘူး၊  မြန်မာမှမဟုတ်ဘူး ထိုင်းရောအောက်ခြေလက်လုပ်လက်စားတွေပါမလာခဲ့ဘူး။ ဒါပေမဲ့ဒီနှစ်ထဲထပ်ပြီးထုတ်ပြန်လာမဲ့  နောက်နှစ်သို့မဟုတ် နှစ်ကုန်မှာတိုးမြင့်ထုတ်ပြန်ပေးမဲ့ အခြေခံလုပ်ခကတော့ မြန်မာတွေရော လာအို ကမ္ဘောဒီးယားအားလုံးပါလာမယ်''လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်သူက ပြောပါတယ်။

ထိုင်းနိုင်ငံကျွမ်းကျင်လုပ်သားတွေ ရဲ့ လုပ်ခကို ရာခိုင်နှုန်းများများစားစားအထိ တိုးပေးလိုက်သော်လည်း မြန်မာလုပ်သားများပါဝင်ခံစာနိုင်ခြင်းမရှိတာကြောင့် မြန်မာလုပ်သားများပါ လုပ်ခတိုးမြှင့်ခံစားနိုင်ရန် ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများက တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။  

အဆိုပါတောင်းဆိုချက်များအရ နိုင်ငံတကာငွေကြေးဖောင်းပွမှုနဲ့ လူနေမှုစရိတ်မြင့်တက်လာမှုကြောင့် 
လာမယ့် ၂၀၂၃ ခုနှစ် ဇန္နဝါရီ ၁ရက်ကစပြီး  အလုပ်သမားတွေရဲ့အခြေ ခံလုပ်ခလစာကို ထပ်တိုးပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားလိုက်တယ်လို့သိရပါတယ်။

အလုပ်သမားခေါင်းဆောင်ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားဝန်ကြီး ဆွေးနွေးညှိနှိုင်းရာမှာ အလုပ်သမားအခြေခံလုပ်ခလစာကို တစ်နိုင်ငံလုံးတန်း တူညီမျှမှုအတိုင်း သတ်မှတ်တိုးမြှင့်ပေးဖို့မဖြစ်နိုင်ပေမဲ့အလုပ်သမားဝန်ကြီးဌာနအနေနဲ့ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုမှာ  စစ်တမ်းကောက်ယူထားတဲ့ အလုပ်သမားလုပ်ခလစာနှုန်းထားတွေပေါ်မူတည်ပြီး  နိုင်ငံတကာ ငွေကြေးဖောင်းပွမှုကို အခြေခံကာ အခြေ ခံလုပ်ခလစာကို ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိတိုးပေးဖို့ရှိနေပြီး 
၂၀၂၃ခု  ဇန္နဝါရီလ ၁ ရက်မှာ စတင်အသက်ဝင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

လုပ်အားခတိုးပေးတဲ့သတ်မှတ်တဲ့နေရာမှာ ထိုင်းနိုင်ငံ၂၅၆၁ ခုနှစ်မှာ မူလ ၃၀၅ဘတ်ကနေ  ၃၁၅ဘတ် ၃၁၂ ဘတ် ၃၁၃ ဘတ် ၃၂၀ဘတ် ၃၃၀ ဆိုပြီးထုတ်ပြန်ကြေညာ ပေးခဲ့ပြီးနောက် ၂၅၆၃ ခုနှစ် မြန်မာ ၂၀၁၉- ၂၀၂၀ခုနစ်မှာ  ၅ဘတ်ကနေ၆ဘတ်အထိ ထပ်မံတိုးပေးလိုက်တယ်လို့သိရပါတယ်။

အဆိုပါတိုးမြှင့်ပေးခြင်းကြောင့် ထိုင်းတစ်နိုင်ငံလုံးရှိ ခရိုင်၇၇ခရိုင်မှာ ခရိုင်ဒေသအလိုက်မူတည်ပြီးတော့ အနိမ့်ဆုံးလုပ်အားခဖြစ်တဲ့ မဲဆောက်မှာ  ၃၁၅ ဘတ်မှစပြီးတစ်ခြားနေရာဒေသတွေမှာ ၃၂၀ ဘတ် ၃၂၅ ဘတ်  ၃၃၀ဘတ်နဲ့  ၃၃၆ဘတ်ဆိုပြီးနေရာဒေသအပေါ်မူတည်ပြီးတိုးပေးလိုက်ပါတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026