NEWS

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များအတွင်းအထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများ ကို စစ်ဆေးရာ မြန်မာအလုပ်သမား နှစ်သောင်းကျော်အစစ်ဆေးခံရပြီး အထောက်အထားမပြည့် စုံသူ ၁၉၀ ဦး အဖမ်းခံရ

CoverLogo
387 Views

ထိုင်းနိုင်ငံ ရှိ လုပ်ငန်းခွင်များ အတွင်း အထောက်အထား မရှိတဲ့ နိုင်ငံခြား လုပ်သား ရှိမရှိကို  ထိုင်းအာဏာပိုင်‌ေတွက စစ်ဆေးရာ မှာ တစ်ပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သောင်းကျော် အစစ်ဆေးခံရကာ အထောက်အထား မပြည့်စုံသူ ၁၉၀ဦး အဖမ်းခံရတယ်လို့ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကူညီသူတွေနဲ့ထိုင်းအလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်မှုအရသိရပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို  ရက် ၁၂၀ စီမံကိန်းနဲ့ စစ်ဆေးဖမ်းဆီးခဲ့ရာ မှာ  ဇွန်လ ၅ ရက်နေ့က ဇွန်လ ၁၂ ရက်နေ့အထိ  မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား နှစ်သောင်းခြောက်ထောင်ကျော်ကို စစ်ဆေးခဲ့တယ်လို့ ထိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လ ၅ ရက်မှ ဇွန်လ ၁၂ ရက်အထိ ဘန်ကောက်၊ ပထုံဌာနီ၊ ရနောင်းနှင့် အခြား ခရိုင်များရှိ လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာကို ဝင်ရောက်စစ်ဆေးခဲ့ကာမြန်မာ အလုပ်သမား  (၂၀၁၁၁ ဦး)၊ ကမ္ဘောဒီးယား  (၃၉၇၁ ဦး)၊ လာအို  (၁၆၅၉ ဦး) အပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သောင်းခြောက်ထောင်ကျော် (၂၆၁၈၉ ဦး) စစ်ဆေးခံခဲ့ရပြီး မြန်မာအလုပ်သမား ၁၉၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။

""အခုရက်ပိုင်း ဘန်ကောက် ဘက်မှာဆို အစစ်ဆေးအရမ်းကြပ်တယ် ကိုယ်တွေနိုင်ငံရဲ့ နိုင်ငံရေး အခြေနေကြောင့် ထိုင်းဘက်ကို ဝင်လာတာ များတယ်ဆိုတာ သူတို့ကသိနေတော့ စီမံချက်နဲ့ စစ်ဆေး ဖမ်းဆီးတာတွေ လုပ်လာတာလို့ ထင်တယ်၊မြန်မာအချင်းချင်းလဲ အထောက်အထားမစုံဘူးဆိုရင်အသွားလာသတိထားဖို့ အချင်းချင်းသတိပေးကျတယ် ""လို့ဘန်ကောက်ရှိမြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးတဲ့ လုပ်ငန်းခွင်တွေမှာ  ဆောက်လုပ်ရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဈေး၊ စျေးဝယ်စင်တာများမှာ အများဆုံး ဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026