NEWS

ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိလည်းကျောင်းတတ်ခွင့်ပေးမည်ဟုဆို

CoverLogo
303 Views
 
ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးငယ်များ အထောက်အထားမရှိလည်း ကျောင်းတတ်ခွင့် ပေးမယ်လို့ ထိုင်း နိုင်ငံ ပညာရေးဝန်ကြီးဌာန က ဇန်နဝါရီ ၃၀ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။
 
ထိုင်းအစိုးရရဲ့ Royal Gazette ကနေ ပညာရေးဥပဒေအသစ်တစ်ခုကို ဇန်နဝါရီ၃၀ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ရာ ၎င်းဥပဒေ တွင် ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေတဲ့ ကလေးငယ်မှန်သမျှ အိမ်ထောင်စုစာရင်း အထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေသို့မဟုတ် ထိုင်းနိုင်ငံသား ဖြစ်ချင်း မဖြစ်ချင်း တို့ မပါဝင်ဘဲ မည်ကို သူမဆိုကျောင်းဝင်ခွင့်ပေးပြီး ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
 
နိုင်ငံသားမှတ်ပုံတင်စာရွက်စာတမ်း မရှိသူတွေ ကျောင်းအပ်နှံရာမှာ ကျောင်းသား မှတ်ပုံတင် ကုဒ်သတ်မှတ်ခြင်းစနစ် (Gကုဒ်စနစ်)အက္ခရာ G ပါတဲ့ ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်တစ်ခုကို ထုတ်ပေးပြီး လက်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျောင်းတွေအနေနဲ့ မိဘများနဲ့ ပူးပေါင်းပြီး ကလေးငယ် အတွက် တရားဝင်အထောက်အထားတွေ ရရှိလာအောင် သက်ဆိုင်ရာ မြို့နယ်ရုံးများနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးရမယ်လို့သိရပါတယ်။
 
ဥပဒေအရ တရားဝင် ၁၃ လုံးပါ နံပါတ် မကျသေးခင်မှာလည်း ကလေးငယ်ဟာ ကျောင်းကပေးထားတဲ့ G Code နဲ့ပဲ ကျောင်းပြီးဆုံးတဲ့အထိ ဆက်လက်ပညာသင်ကြားခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
 
ယခု ဥပဒေကို လာမယ့် ပညာသင်နှစ်ကစပြီး ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျောင်းအားလုံးမှာ အကျိုးသက်ရောက်သွားမှာ ဖြစ်တယ်လို့ ထိုင်း သတင်းတွေအရ သိရပါတယ်။
 
Ref-Matichon News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026