NEWS

ထိုင်းနိုင်ငံရှိ ဓါတုကန် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၂ ဦးအပါအဝင် ထိခိုက်မိ တဲ့ အလုပ်သမားများ  နစ်နာကြေး ရရှိရန် MHAC ကဆောင်ရွက်ပေးနေ

CoverLogo
465 Views

ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင် ကပင်ပူလီရှိ သတ္ထူစက်ရုံ ဓာတုဆေးကန် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား နှစ်ဦး အပါအဝင် ထိခိုက်ခဲ့တဲ့ အလုပ်သမားတွေ နစ်နာကြေး ရရှိဖို့ အတွက် MHACမဟာမိတ်အဖွဲ့ နဲ့ အတူ သက်ဆိုင်ရာ အေဂျင်စီတို့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီ ၁၅ မီနစ် အချိန်ခန့်က   ကပင်ပူလီရှိ  မြန်မာ MOU အလုပ်သမားတွေ လုပ်ကိုင်နေ တဲ့  သတ္ထုစက်ရုံ ဓာတုဆေးကန် ပေါက်ကွဲမှု ဖြစ်စဥ်မှာ  မြန်မာအလုပ်သမား အမျိုးသား (၂) ဦး သေဆုံးခဲ့ပြီး (၈) ဦး အနည်းငယ် ထိ့ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပေါက်ကွဲမှု ဖြစ်စဥ်ဖြစ်ပြီး ညပိုင်း မှာ သေဆုံးသူမိသားစုနဲ့ ထိခိုက်ဒါဏ်ရာ ရ တဲ့ အလုပ်သမားတွေ က အေအေစီကိုရဲမင်း ဦးဆောင်တဲ့  (MHAC) မဟာမိတ်အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင် အတွင်း ထိ့ခိုက်သေဆုံးခဲ့ တဲ့  အလုပ်သမား ကိုသက်ဝေရဲ့   ပကန်ဆံခွန် နစ်နာကြေး  မှာ ဘတ် (၁၀၀၀၀၀၀)ကျော် ရရှိနိုင်မှာ မည် ဖြစ်ပြီး ၊သေဆုံးသူကိုမင်းအောင်ရဲ့  နစ်နာကြေးမှာ ဘတ် (၉၀၀၀၀၀)နီးပါး ရရှိနိုင်တယ်လို့ သိရပါတယ်။ 

၎င်း စက်ရုံ အတွင်း က အလုပ်သမားတွေ  အားလုံးလည်း ထိပ်လန့် လျော်ကြေးငွေများ ရရှိနိုင်မှာ ဖြစ်ကာ (MHAC) မဟာမိတ်အဖွဲ့နှင့် စက်ရုံအလုပ်ရုံ အေဂျင်စီ တို့ညှိနှိုင်းဆောင်ရွက် ကူညီပေးမှုကို မိသားစုများမှ သဘောတူ ခွင့်ပြုခဲ့တဲ့ အတွက် လုပ်ငန်းခွင် ထိ့ခိုက်သေဆုံးခဲ့သည့် အလုပ်သမား၏ ကြွင်းကျန် ရုပ်ခန္ဓာကို ကပင်ပူလီ ဘုန်းကြီးကျောင်း မှာ (MHAC) မဟာမိတ်အဖွဲ့ဝင်များ
စက်ရုံအလုပ်ရုံမှ တာဝန်ရှိသူများ ကျန်ရစ်သူမိသားစုဝင်များနှင့် စက်ရုံအလုပ်သမားများ စုပေါင်းပြီး မီးသင်္ဂြိုလ် မှု့များပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026