NEWS

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ  အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သား ၅၀ ကျော် အဖမ်းခံရ

CoverLogo
424 Views

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရာမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင်အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သား ၅၂ဦး အဖမ်းခံရတယ်လို့ထိုင်း သတင်းတွေ မှာဖော်ပြထားတာကို တွေ့ရပါတယ်။ 

 

ထိုင်းအလုပ်သမာဝန်ကြီးဌာနမှ အကြီးအကဲများညွှန်ကြားမှုဖြင့် မတ်လ ၂၄ရက်က  ပတ္တရာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးရာကနေ အလုပ်လုပ်ကိုင်ခွင့်( ပါမစ်) မရှိ တဲ့ မြန်မာအလုပ်သမား ၅၂ဦးနဲ့ ကမ္ဘောဒီးယားအလုပ်သမား ၃ဦး စုစုပေါင်း ၅၅ဦး ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

 

တာဝန်ရှိသူ တွေ က ၎င်းတို့အားလုံးကို ပတ္ထရား မြို့မ ရဲစခန်းတွင်  စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့  ‌စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရှိရပါတယ်။ 

 

ဒါ့အပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်း အချို့ မှာ နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သား တွေ ကို  အားကိုးဖို့ လိုနေသေးပေမယ့် အလုပ်ခိုင်းစေမှု ကိုတော့ထိုင်း ဥပဒေနဲ့ အညီ လုပ်ကိုင်ရမယ်လို့ထိုင်းအလုပ်သမားဝန်ကြီး က ပြောဆိုပါတယ်။ 

 

အလုပ်သမားမှတ်ပုံတင်ခြင်းကဲ့သို့သော မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ဖို့ သတိပေးထားပြီး တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကိုငှားရမ်းခိုင်းစေ တဲ့  လုပ်ငန်းရှင် တွေ ကို လည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး က ပြောကြားထားပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026