NEWS

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မှ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၇ ဦး အဖမ်းခံရ

CoverLogo
650 Views
 
ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင် အလုပ် လုပ်ကိုင်နေတဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၃၇ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေ မှာဖေါ်ပြထားပါတယ်။
ဒီဇင်ဘာ ၈ရက် မနက်ပိုင်းမှာ ၎င်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်တွေ က ဝင်ရောက် စစ်ဆေးတာမှာ အဖမ်းခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ အထောက်အထားမရှိသော မြန်မာအလုပ်သမားတွေ ဟာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး ချိန်မှာ ထိတ်လန့်ကြောက်ရွံခဲ့ပြီး အိမ်ခေါင်မိုးပေါ် သို့ပင် တက်ပြေးခဲ့ကြတယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
၎င်းဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်းရှိ မြန်မာ အလုပ်သမား ၁၀၀ဦး ကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးတာမှာ အထောက်အထားမရှိတဲ့မြန်မာအလုပ်သမား အမျိုးသား၂၆ဦးနဲ့ အမျိုးသမီး ၁၁ဦး
စုစုပေါင်း ၃၇ ဦး ကို ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
ဖမ်းမိတဲ့ အလုပ်သမားတွေကို စစ်ဆေးတဲ့အခါ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ရှိ နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ ကို တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ခရီးစရိတ် အတွက် ပွဲစား ကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ကြားပေးခဲ့ရကာ မြန်မာပြည်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိမ်နီးချင်း နိုင်ငံ မှာ အလုပ်ရှာဖွေရတာ ဖြစ်တယ်လို့ ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေက ပြောကြားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းမှာတော့ တစ်ရက်ကို ဘတ် ၅၀၀ ခန့် လုပ်ခရရှိပြီး ကျွမ်းကျင် လုပ်သား တွေကတော့ ဘတ် ၆၀၀ ခန့်ရရှိတယ်လို့ ဆိုပါတယ်။
၎င်းမြန်မာအလုပ်သမား ၃၇ဦးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကာ အောင်ဇိုင်းရဲစခန်း ကိုလွှဲပြောင်းထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026