NEWS

ထိုင်းနိုင်ငံရေးအပြောင်းအလဲကြောင့် တရားမဝင်အလုပ်သမားတွေကို ပန်းရောင်ဘတ် ပြုလုပ်ပေးမှုအစီစဉ် နှောင့်နှေးနိုင်

CoverLogo
432 Views

ထိုင်းနိုင်ငံရေး အပြောင်းလဲ တွေ ကြောင့် ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေအပါအဝင် တရားမဝင် နေထိုင်သူတွေ ကို ထုတ်ပေးမယ့် ပန်းရောင်ဘတ် အထောက်အထား လုပ်ပေးမယ့်အစီစဉ်ဟာ နှောက်နှေး နိုင်တယ်လို့ ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားအရေးကူညီသူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့ဒီမိုကရေစီအရေး ပေါ် စာနာထောက်ထားမှုရှိတဲ့ Move Forward party ကို  ဖျက်သိမ်းခံရသလို ပါတီက လူကြိုက်များတဲ့ ထိုင်းနိုင်ငံရေးသမား Pita ကိုလည်း နိုင်ငံရေး လုပ်ပိုင်ခွင့် ၁၀နှစ်ပိတ်ပင်လိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။

အခုလို ထိုင်းနိုင်ငံရေးလှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ အတွက် ဒီနှစ် အတွင်း လူသစ် တွေ ကို ပန်းရောင်ကတ် ပြုလုပ်ပေးမယ့် အစီစဉ်ဟာမျှော်လင့်ချက်မဲ့နိုင်တဲ့ အနေထားရှိတယ်လို့  ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေကပြောကြပါတယ်။
 
"ဒီအခြေနေအရဆို ထိုင်းမှာ လူသစ်တွေကို ပန်းရောင်ဘတ် ပြုလုပ်ပေးဖို့ တောင်းဆိုထားမှု ဟာ မျှော်လင့်ချက် နည်းနည်းမဲ့သွားနိုင်ပြီး အလောတကြီး ထိုင်းထဲ ကို အပြေးဝင်လာသူတွေ အဆင်မပြေခက်ခဲ နိုင်ပါတယ်"လို့  ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့  M.H.A.C မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းကပြောပါတယ်။

လက်ရှိမှာလဲ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း၁၂၀ စီမံချက် နဲ့ တရားမဝင် အထောက်အထား မပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို ဖမ်းဆီးလျက်ရှိနေတယ်လို့ သိရပါတယ်။

"သူတို့နိုင်ငံသူတို့ပေါ်လစီဆိုတော့ သူတို့စိတ်ကြိုက်ကစားနေတာပဲ။ မနှစ်ကရွေးကောက်ပွဲကြောင့် နောက်ကျခဲ့တယ်လို့ပြောကြတယ် အခု ၈ လပိုင်းတောင် ဘာမှရေရေရာရာ ဆုံးဖြတ်ချက်ကျမလာသေးတော့ ခက်ခဲမှာပါပဲ။ ဒီလိုခက်ခဲနေတော့ တဖက်က စကစ အကြိုက်ပေါ့ ၄ လ စီမံချက်နဲ့ ဖမ်းပို့ ဖမ်းပို့နေတာ။  အဆင်မပြေလို့စစ်ရှောင်လာကြတာလေနော်။ နိုင်ငံထဲပြန်ရင် သေဖို့တစ်လမ်းပဲရှိတော့တယ်""လို့ ပန်းရောင်ကတ် ပြုလုပ်ရန် စောင့်နေသူမြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုင်းအစိုးရရဲ့ ရက်ပေါင်း ၁၂၀ စီမံချက် နဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို ဖမ်းဆီးတာ မှာ ရက်ပေါင်း ၅၀ အတွင်းမှာတင် မြန်မာ အထောက်အထားမဲ့ အလုပ်သမား တစ်သိန်းကျော် ဖမ်းခံရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026