NEWS

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သမားတွေ အကူအညီတောင်းခံမှု မြင့်တက်လာ

CoverLogo
1.3K Views

၂၀၂၃ ခုနှစ် (၆)လတာ ကာလတွင်းမှာ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေရဲ့ အကူအညီတောင်းခံတာနဲ့ လုပ်ငန်းခွင်တွင်း ချိုးဖောက်ခံရမှု တိုင်ကြားတာတွေဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုဌာနရဲ့ အချက်အလက်တွေအရ  သိရပါတယ်။

ကောက်ခံရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် ၆လတာကာလအတွင်း လက်ခံရရှိထားတဲ့ တိုင်ကြားမှု အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်တာစာရင်းနဲ့ တူညီလုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ အထောက်အထားနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ လုပ်အားခ ပြဿနာတွေ အစရှိသဖြင့် တိုင်ကြားတာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အများဆုံးတိုင်တာကတော့ တရားဝင်အလုပ်သမားလက်မှတ် အထောက်အထားကိစ္စပေါနော်။ ပြောရရင် လက်မှတ်လျှောက်ထားတာက အခုချိန်မှာ လုပ်ငန်းစဉ်ပိုရှုပ်ပြီးတော့ ငွေကြေးပိုကုန်ကျတယ်။ အလုပ်ရှင်က တာဝန်ယူလုပ်ပေးတာလည်းမရှိတော့ ပွဲစားလက်အပ်တယ်။ အဲဒီမှာပိုက်ဆံက ပိုကုန်ပြီးတော့ အလုပ်သမားတွေဆီက ပိုပြီးဖြတ်တောက်တာတွေ ရှိလာတယ်။ နောက်အလုပ်ရှင်က စာရွက်စာတမ်းအစစ်ကို သူတို့က သိမ်းပြီးတော့ အလုပ်သမားတွေကို မိတ္တူပဲပေးတယ်။ အလုပ်ပြောင်းချင်တာတောင် မထုတ်ပေးဘူး။ ဒါမျိုးအမှုတွေ များလာတယ်။ ပြီးတော့ ပွဲစားကပိုက်ဆံယူပြီး အထောက်အထားကို ပြည့်စုံအောင် မလုပ်ပေးတာတွေ တက်လာတယ်။ ဒုတိယများတာက MOU  အလုပ်သမားတွေကိစ္စပေါ့။ သူတို့ကျတော့ စာချုပ်ထဲမှာပါတဲ့ လုပ်ငန်းခွင်မဟုတ်ဘဲ  တခြားနေရာတွေရောက်နေလို့ အကူအညီတောင်းခံလာတာတွေ ရှိပါတယ်”လို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းကနေ ထိုင်းနိုင်ငံကို ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာသူများစွာရှိနေပြီး အလုပ်အကိုင်၊ အခွင့်အလမ်း စိန်ခေါ်ချက်တွေရှိလာတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီ သိရပါတယ်။

အလားတူပဲ ပြည်တွင်းကနေ ထိုင်းနိုင်ငံကို တရားဝင် MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်လိုသူများစွာရှိနေပြီး  ငွေကြေးလိမ်လည်ခံရတာတွေလည်း သိသိသာသာ မြင့်တက်လာတယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026