NEWS

ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း

CoverLogo
104 Views
 
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ရပြီး လွတ်မြောက် လာတဲ့ မြန်မာ နိုင်ငံသား ၆၀ကျော်ကို ဖေဖေါ်ဝါရီ ၂ရက် နေ့ခင်းပိုင်းမှာ ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင် ထံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာအမျိုးသား ၄၃ဦး၊အမျိုးသမီး ၁၅ဦးနဲ့ ကလေး၃ဦးတို့ကို ရနောင်းမြို့ဆိုင်ရာမြန်မာသံရုံးတာဝန်ခံ နဲ့ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတွေက ပူးပေါင်းပြီး ရနောင်းမြို့ ပန်းနာရပ်ကွက်ရှိအကောက်ခွန် လှေဆိပ် မှ တစ်ဆင့် မြန်မာပြည် ကော့သောင်းဘက်ကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
 
"အခုတစ်ခေါက် ပြန်ပို့တဲ့အထဲမှာ အသက်၅၀အထက်အသက်ကြီးပိုင်းအဘိုးဘွားတွေပါတာ မြင်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ် ပြန်ပို့လိုက်တဲ့ သူတွေထဲက လူငယ်တွေကို တပ်ထဲခေါ်သွားတယ် တစ်ချို့တော့ မိသားစုက ငွေပေးပြီး လိုက်ထုတ်ကျတယ် အများစုကတော့ စစ်မှုထမ်းဖို့ ခေါ်သွားခံရတာ များတယ်"လို့ကော့သောင်းမြို့မှ ဒေသခံ တစ်ဦးကပြောပါတယ်။
 
ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်း အာဏာပိုင်တွေ က စစ်ကော်မရှင် ထံ ပြန်ပို့ပေးရာ ၂၀၂၆ခုနှစ် အတွင်း ၄ကြိမ်ရှိပြီ ဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက်က မြန်မာနိုင်ငံသား၇၇ဦး၊ဇန်နဝါရီ ၁၃ရက်မှာ ၉၄ဦးကို ရနောင်းမှ တစ်ဆင့်ကော့သောင်းဘက်သို့ပို့ဆောင်ပေးခဲ့သလို၊ဇန်နဝါရီ ၂၀ရက် တွင် ကချနဘူရီခရိုင် သံဖြူဇရပ်လမ်းကြောင်းကနေဘုရားသုံးဆူကျေးရွာရှိ ကူးသန်းရောင်းဝယ်ရေးဂိတ်၁၁ကတစ်ဆင့် မြန်မာနိုင်ငံသား၁၆၄ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ပြန်လည် ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီး ပြစ်ဒဏ်ပေးမှု ကို ခံရသူ အများစုပါဝင်တယ်လို့ သိရပါတယ်။
လက်တလောမှာလည်း ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို နိုင်ငံတဝန်း စက်ရုံ အလုပ်ရုံ တွေနဲ့ လုပ်ငန်းခွင်တွေအထိ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှု တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်သာလာရောက်ကြရန် စစ်ကောင်စီအလုပ်သမားသံရုံး အသိပေး
Feb 26, 2026
Cover
၂နှစ်အတွင်း ပြည်ပတွင် အဖမ်းခံရသည့် မြန်မာ နိုင်ငံသား ၁၇၀၀၀နီးပါးရှိ
Feb 26, 2026
Cover
မြန်မာလုပ်သား ၅၀ ကျော် တင်ဆောင်လာသည့်ကား ရဲဖမ်းခံရမည်စိုး၍ မောင်းပြေးရာ တိမ်းမှောက်ပြီး လူအများအပြားဒဏ်ရာ
Feb 26, 2026
Cover
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ
Feb 25, 2026
Cover
ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ
Feb 25, 2026
Cover
ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း
Feb 24, 2026
Cover
ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်
Feb 24, 2026
Cover
ထိုင်းရောက် CDM ဝန်ထမ်းများကို CI စာအုပ် ထုတ်မပေး
Feb 24, 2026